September 19, 2024

၁၁.၈.၂၀၂၄
Written By Thandar

ဖိုးဝ ရုပ်ရှင်ထုတ်လုပ်ရေးရဲ့ ပရိသတ်စိတ်ဝင်စားစရာကောင်းမဲ့ အချစ်ဇာတ်ကြမ်းပုံစံ “မီး ” ရုပ်ရှင်ဇာတ်ကားကြီး Premiere Show ကို ယမန်နေ့ ဩဂုတ် ၁၀ ရက် ညနေပိုင်းက ရန်ကုန်မြို့ သမ္မတအဆင့်မြင့်ရုပ်ရှင်ရုံမှာ ကျင်းပခဲ့ပါတယ်။

” ဒီဇာတ်ကားကို ဖန်တီးဖြစ်တာ ကျွန်တော်က ခက်ခဲနေတယ်။ ထုတ်လုပ်သူ ဖိုးဝက ကျွန်တော်အလုပ်မရှိ‌တော့ အဆင်မပြေဘူး။ အလုပ်လည်းမရှိဘူးဆိုတော့ ထုတ်လုပ်သူတွေက အလုပ်လေးပေးတဲ့သဘောပါပဲ။ ပူလောင်မှုတွေ လှုပ်ရှားရုန်းကန်ကြရတယ်လေ။ သရုပ် ဆောင်တွေက ရွေးတာက ထုတ်လုပ်သူကလည်းရွေးတာပါ။ အလုပ်မလုပ်တာအရမ်းကြာသွားပြီ။ အသစ်တွေလည်း တစ်ယောက်မှမသိတော့ဘူး။ သရုပ်ဆောင်အသစ်တွေကလည်း ကြိုးစားပေးကြပါတယ်။ သူတို့လေးတွေအရမ်းကြိုးစားကြတယ်။ ဇာတ်ကားကောင်းခြင်း မကောင်းခြင်းကတော့ ပရိသတ်တွေကြည့်ပြီတော့ ဆုံးဖြတ်ရမှာပါ”လို့ ဒါရိုက်တာ အကယ်ဒမီ မီးပွားက ပြောပါတယ်။

အဆိုပါ ဇာတ်ကားကို ဝတ္ထု ဇာတ်ညွှန်း အင်ကြင်းဟန်၊ရိုက်ကွင်းဇာတ်ညွှန်း ညီအောင်ညီ၊ တွဲဖက်ဒါရိုက်တာ 1 Dwin နဲ့ ရွှေဒါးအပြင် ဒါရိုက်တာအကယ်ဒမီ မီးပွားက သရုပ်ဆောင်တွေဖြစ်တဲ့ အကယ်ဒမီ နေဝင်း၊ အေးချမ်းမောင်၊ အကယ်ဒမီ ခင်ဝင့်ဝါ၊ ပိုးမမှီသာစတဲ့ အနုပညာရှင်တွေနဲ့ ရိုက်ကူးထားတာလည်းဖြစ်ပါတယ်။

“မီး” ရုပ်ရှင်ဇာတ်ကားကို လာမယ့် ဩဂုတ် ၁၆ ရက်နေ့ကစတင်ပြီး မြန်မာတစ်ပြည်လုံးရှိ အဆင်မြင့်ရုပ်ရှင်ရုံတွေမှာ ရုံတင်ပြသမှာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *