September 19, 2024

၁၀. ၈. ၂၀၂၄
Written by Nay Moe

ရခိုင်ပြည်နယ် အနှံ့အပြားကို နယ်မြေလုတိုက်ခိုက်နေတဲ့ AA ထိန်းချုပ်ရာ မြောက်ဦးမြို့ လေကြောင်းပစ်ခတ်တိုက်ခိုက်ခံရတာကြောင့် ၆ ဦးသေဆုံးခဲ့တယ်လို့ AA က အခုည ထုတ်ပြန်ပါတယ်။

တရုတ်ကျောထောက်နောက်ခံပြီး ၁၀၂၇ စစ်ဆင်ရေးနှစ်ခုနဲ့ ရခိုင်မြို့ ၁၀ မြို့ကျော် တိုက်ခိုက်သိမ်းယူထားတဲ့ AA ထိန်းချုပ်ရာ မြောက်ဦးမြို့ကို ဩဂုတ်လ (၁၀) ရက်၊ နေ့လယ် (၁၂) နာရီခွဲအချိန်မှာ ဂျက်လေယာဉ်တစ်ဦးနဲ့ လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့တာဖြစ်ပြီး ဒီတိုက်ခိုက်မှုက မြောက်ဦးဟိုတယ် အနီးအနားပတ်ဝန်းကျင်နဲ့ လမ်းမပေါ် ကျရောက်ပေါက်ကွဲထိမှန်ခဲ့တာကြောင့် အနှေးယာဉ် (တုတ်တုတ်) တစ်စီးပေါ် လိုက်ပါလာတဲ့သူတွေနဲ့ အနီးပတ်ဝန်းကျင်က လူ ၆ ဦးသေဆုံးပြီး (၁၀) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်ပြောပါတယ်။

ရခိုင်လက်နက်ကိုင် AA ဟာ ရခိုင်မြို့တွေကို ဖျက်ဆီးသိမ်းပိုက်ရာမှာ ဘင်္ဂါလီအများစုနေထိုင်ရာ ဘူးသီးတောင်မြို့ကို မီးရှို့ဖျက်ဆီးပြီး လူ ၂ သိန်းလောက် အိုးအိမ်မဲ့စေခဲ့သလို ပြီးခဲ့တဲ့ ဩဂုတ် ၅ ရက်ကလည်း မောင်တောမြို့က ဘင်္ဂါလီ ၂၀၀ ကျော်ကို သတ်ဖြတ်မှုနဲ့ ဘင်္ဂါလီအရေးလှုပ်ရှားသူတွေက AA ကို ပိတ်ဆို့မှုလုပ်ဖို့၊ ကမ္ဘာကအရေးယူပေးဖို့ တောင်းဆိုမှုလည်း ခံနေရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *