September 19, 2024

၁၀.၈.၂၀၂၄
Written by KL

ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့၊ ရွှေတစ်ချောင်းလမ်းမပေါ် တရုတ်စုရပ်၊ ဝါးရုံလမ်းထိပ်၊ (၃) လွှာတိုက်ခန်းတွင် ဓားဒဏ်ရာ ၁၁ ချက်ဖြင့် အဝေးသင်ကျောင်းသားတစ်ဦး အသတ်ခံရမှုနှင့်ပတ်သက်၍ ကျုးလွန်သူကို မမိသေးကြောင်း ရဲတပ်ဖွဲ့နှင့် နီးစပ်သူတစ်ဦးထံမှ သိရသည်။

အသက်၂၀ခန့်အရွယ် အဝေးသင်ကျောင်းသား ကိုနိုင်ဝင်းဆွေကို သြဂုတ်လ ၈ ရက် ညပိုင်းက ဓားဒဏ်ရာ ၁၁ ချက်ဖြင့် တိုက်ခန်းအတွင်း သေဆုံးလျက် တွေ့ရှိခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။

“ကောင်လေးဇာတိက သဲကုန်းဘက်က။ ဘာကြောင့် အသတ်ခံရတာလဲ။ ဘယ်သူသတ်သွားတာလဲဆိုတာကိုတော့ မသိရသေးဘူး။ သူနဲ့ရင်းနှီးတဲ့သူငယ်ချင်းတွေကိုတော့ ရဲကခေါ်စစ်နေတယ်။ အခုထိတော့ ကျုးလွန်သူကို မမိသေးဘူး”ဟု ရဲတပ်ဖွဲ့နှင့်နီးစပ်သူ တစ်ဦးကပြောသည်။

ထိုးသွင်းဒဏ်ရာ ၁၁ ချက်ဖြင့် သေဆုံးနေသော အမျိုးသားအလောင်းကို မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအဖွဲ့ (ပြည်)ပရဟိတပါရမီမှ အဖွဲ့ဝင် ၅ဦးက ပြည်သူ့ ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

အဆိုပါ လူသတ်မှုနှင့်ပတ်သက်၍ ပြည်မြို့မရဲစခန်းက ကျုးလွန်သူကို ဖမ်းဆီးနိုင်ရေးအတွက် စုံစမ်းစစ်ဆေးလျက်ရှိကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *