September 19, 2024

၁၀ – ၈ – ၂၀၂၄
Written by MMAK

နောက်တစ်ပတ်မှာ အင်္ဂလန်ပရီးမီးယားလိဂ်ပွဲစဥ်နဲ့အတူ အခြားသော အမှတ်ပေးလိဂ်ပွဲစဥ်တွေ ပြန်လည်စတင် ကစားတော့မှာ ဖြစ်ပါတယ်။ ပရီးမီးယားလိဂ် ချန်ပီယံ မန်စီးတီးအသင်းနဲ့ FA ဖလားချန်ပီယံ မန်ယူအသင်းတို့ဟာ ပရီးမီးယားလိဂ်အကြိုပွဲစဥ်အနေနဲ့ ကွန်မြူနတီဒိုင်း ပွဲစဥ်ကို စတင်ကစားကြမှာ ဖြစ်ပါတယ်။ မန်ချက်စတာဒါဘီပွဲစဥ် ဖြစ်တာကြောင့် ပရီးမီးယားလိဂ်ပွဲတွေ မစတင်ခင်မှာတင် ပရိတ်သတ်တွေကို စိတ်၀င်စားမှု အပြည့်အ၀ ပေးစွမ်းနိုင်မဲ့ ဖလားပွဲစဥ်တစ်ခု ဖြစ်လာနိုင်ပါတယ်။

သာမာန်အားဖြင့် ကွန်မြူနတီဒိုင်းပွဲစဥ်ကို ပရီးမီးယားလိဂ် အကြိုပွဲစဥ်တစ်ခုအနေနဲ့သာ ကစားကြတာဖြစ်ပေမဲ့ ပရိတ်သတ်စိတ်၀င်စားမှု အမြင့်ဆုံးဖြစ်တဲ့ မန်ချက်စတာဒါဘီ နှစ်သင်းယှဥ်ပြိုင်ကစားကြမှာဖြစ်တာကြောင့် ပုံမှန်ထက်ပိုပြီး စိတ်၀င်စားဖို့ကောင်းတဲ့ ပွဲစဥ်တစ်ခု ဖြစ်ပါတယ်။ မန်စီးတီးအသင်းက ကစားသမားအသစ် အနေနဲ့ ဂျီရိုနာအသင်းက တောင်ပံကစား ဆာဗင်ရိုနဲ့ လူငယ်တိုက်စစ်ကစားသမားလေး နှစ်ယောက်သာ ခေါ်ယူထားတာကြောင့်  မနှစ်ကပုံစံအတိုင်း အထိုင်မပျက်ဘဲ ရှိနေပါတယ်။ မန်ယူအသင်းကတော့ အသစ်၀ယ်ထားတဲ့ နောက်တန်းကစားသမား ယိုရိုနဲ့ တိုက်စစ်မှူး ဟော့လန်းတို့မပါနိုင်ပေမဲ့ ဘိုလော့နာအသင်းကခေါ်ထားတဲ့ တိုက်စစ်ကစားသမား ဇက်ဇီ ၊ ဖာနန်ဒက် ၊ ရက်ဖို့နဲ့ တောင်ပံကစားသမား အာမတ်ဒီအာလိုတို့ တိုက်စစ်ပိုင်းမှာ ပါ၀င်လာနိုင်ပြီး ကွင်းလယ်မှာ ကိုဘီမိုင်နူးနဲ့ ကတ်ဆီမီရိုတို့ ပွဲထွက်ကစားလာနိုင်ပါတယ်။ မန်စီးတီးအသင်းကတော့ နိုင်ငံပွဲစဥ်တွေ ကစားခဲ့ရတဲ့ အဓိကစားသမား ရိုဒရီနဲ့ ဖိုဒန်တို့ ပါ၀င်ကစားနိုင်ဖို့ မသေချာဘဲ ဟာလန်း ၊ဒီဘရိုင်း၊ ဂရီးလစ်၊ ဘာနာဒိုဆေးဗားနဲ့ လူငယ်ကစားသမားအချို့ကို ပွဲထုတ်လာနိုင်ပါတယ် ။

ပရီးမီးယားလိဂ်ဖလားကို လေးနှစ်ဆက်ရယူထားနိုင်တဲ့ မန်စီးတီးအသင်းအနေနဲ့ ကွန်မြူနတီဒိုင်းပွဲစဥ်ကို သုံးကြိမ်ဆက်ယှဥ်ပြိုင်ကစားခွင့်ရခဲ့ပေမဲ့ တစ်ကြိမ်မှ ဖလားရယူထားနိုင်ခြင်း မတွေ့ရတာကြောင့် ဂွာဒီယိုလာရဲ့ မန်စီးတီးအသင်းက ကွန်မြူနတီဒိုင်းဖလားကို အာရုံစိုက်ကစားတာမျို မတွေ့ရပါဘူး။
အဓိကကစားသမားတွေ ပါ၀င်ကစားဖို့ မသေချာသလို ရာသီကြိုခြေစွမ်းပွဲစဥ်တွေမှာ ခံစစ်က ပေးဂိုးတွေ တော်တော်များခဲ့တာကို တွေ့ရတာကြောင့် ခံစစ်ပိုင်းအားနည်းချက်တွေ ရှိနေတယ်လို့ ယူဆထားပြီး ဂိုးသမား အီဒါဆင်လည်း မကစားနိုင်သေးပါဘူး။

မန်ယူအသင်းကလည်း နောက်တန်းအားနည်းချက်ရှိနေတာ ဖြစ်ပေမဲ့ တိုက်စစ်က ဂိုးရအောင်သွင်းနိုင်တဲ့ အနေအထားမှာ ရှိပါတယ်။ ဒီပွဲမှာ မန်စီတီးအသင်းက ဘော်ဒီကြေး တစ်လုံးသရေပေးထားပြီး ဂိုးပေါင်းကြေး သုံးလုံးသုံးဆယ် အရှုံးဖြစ်ပါတယ်။ ကွန်မြူနတီဒိုင်း ပွဲစဥ်ကို အာရုံသိပ်မစိုက်တဲ့ မန်စီးတီးအသင်း နိုင်ခဲ့ရင်တောင် တစ်ဂိုးအသာလောက်နဲ့ ကပ်နိုင်သွားနိုင်ပြီး ပွဲချိန်အတွင်း သရေကျသွားမျိုး မန်ယူအသင်းက နိုင်သွားတာမျိုးတောင် ဖြစ်နိုင်ပါတယ်။ မန်စီးတီးအသင်း နှစ်ဂိုးပြတ်မနိုင်ဘူးလို့ ယူဆထားတဲ့အတွက် အောက်ကြေးမန်ယူကိုဘဲ ရွေးချယ်ရမဲ့ ပွဲစဥ်ဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *