September 19, 2024

၁၀. ၈. ၂၀၂၄
Written by Nay Moe

ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)ဟာ သပိတ်ကျင်းမြို့နယ်အတွင်းမှာ စစ်ဆင်ရေးများတွေ ဖော်ဆောင်ရာမှာ တပ်စခန်း ၈ ခု သိမ်းထားနိုင်ပြီပြောပါတယ်။

သပိတ်ကျင်းမြို့နယ်အတွင်း သိမ်းထားနိုင်တဲ့ တပ်စခန်းတွေက ကွင်း(၃၀)ရွာ တပ်စခန်း ၊ လက်ပံပြန့်ရွာ တပ်စခန်း ၊ ဖိုကုန်း တပ်စခန်း ၊ ဝက်သေရွာ တပ်စခန်း၊ ဖက်ရှည်ရွာ တပ်စခန်း၊ ခလရ (၁၄၈) တပ်စခန်း ၊ ကျောက်ဖြူရွာ တပ်စခန်းနဲ့ လိပ်ကျရွာ တပ်စခန်းတို့ဖြစ်တယ်လို့ ပြောပါတယ်။

တပ်စခန်း စုစုပေါင်း(၈)ခု သိမ်းထားပြီးဖြစ်ပြီး လက်နက်ခဲယမ်းတွေလည်း သိမ်းဆည်းရမိခဲ့တဲ့အပြင် ဆက်လက်ထိုးစစ်ဆင်နေတယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *