September 19, 2024

၁၀.၈.၂၀၂၄
Written By Zun

AA လက်နက်ကိုင်အဖွဲ့အနေဖြင့် ချင်းပြည်နယ်အတွင်းကထွက်ခွာသွားပေးရန် တောင်းဆိုဆန္ဒပြမှုတစ်ခုကို ယနေ့ သြဂုတ်လ ၁၀ ရက်တွင် ပြုလုပ်ခဲ့ကြကြောင်း ချင်းဒေသတွင်း သတင်းများအရ သိရသည်။

ယင်းဆန္ဒပြပွဲကို အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်၊ လောက်တလိုင်မြို့တွင် ချင်းစစ်ဘေးရှောင်များ ဦးဆောင်၍ လုပ်ဆောင်ခဲ့ကြခြင်း ဖြစ်သည်။

ဆန္ဒပြပွဲဓာတ်ပုံများနှင့် ရုပ်သံတို့တွင် “ချင်းပြည်နယ်မှ AA ထွက်ခွာပေးရန်”ဟူသော ဗီနိုင်းစာတန်း၊ ချင်းပြည် ကောင်စီကို ထောက်ခံသည် ဆိုသော ဗီနိုင်းစာတန်းတို့ကို ကိုင်ဆောင်၍ ကြွေးကြော်ခြင်းနှင့် ဟောပြောခြင်း တို့ကို ပြုလုပ်နေကြသည်ကိုလည်း တွေ့ရသည်။

အဆိုပါ ဆန္ဒပြပွဲသို့ အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်ဘက်သို့ စစ်ဘေးရှောင်နေကြသူများထဲမှ မတူပီမြို့နယ်က ရောက်ရှိနေကြသည့် စစ်ဘေးရှောင်များ ၊ ထန်တလန်၊ ဟားခါးနယ်ဘက်က စစ်ဘေးရှောင်များ တက်ရောက် ခဲ့ကြကြောင်း သိရသည်။

photo – Chin Bridge of Hope

Leave a Reply

Your email address will not be published. Required fields are marked *