September 19, 2024

၁၀. ၈. ၂၀၂၄
Translated by Htwe Ko Tun

ထိုင်းနိုင်ငံတပ်ဖွဲ့ဝင်များက ချင်းရိုင်ပြည်နယ်၊ မယ်ဆိုင်ခရိုင်အတွင်း မြန်မာနိုင်ငံနှင့်နယ်စပ်အနီးတွင် ဩဂုတ်လ ၉ ရက် ညက မူးယစ်ဆေးဝါးမှောင်ခိုသူများနှင့် အပြန်အလှန်ပစ်ခတ်မှုများ ဖြစ်ပွားခဲ့ရာ မူးယစ်ဆေးဝါးမှောင်ခိုသယ်ဆောင်သူများ ထွက်ပြေးသွားခဲ့ကြပြီး ၎င်းတို့စွန့်ပစ်ခဲ့သော မက်သာဖက်တမင်း ဆေးတောင့် ၆၀၀,၀၀၀ နှင့် ဘိန်းဖြူ ၁၀ ကီလိုဂရမ်နီးပါးတို့ကို သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်တွင် ထိုင်းလုံခြုံရေးတပ်ဖွဲ့များက စစ်ဘက်ကင်းလှည့်မှုပြုလာစဉ် မူးယစ်မှောင်ခိုသယ်ဆောင်သည့်ဂိုဏ်းနှင့် နယ်စပ်အဝင်အထွက်တောင်ကြားလမ်းဖြစ်သည့် ဖါမီရွာအရောက်တွင် ည ၁၀း၃၀ နာရီ၌ တွေ့ဆုံတိုက်ပွဲဖြစ်ခဲ့ကြခြင်းဖြစ်သည်။

နှစ်ဘက်ပစ်ခတ်မှုများဖြစ်ပွားခဲ့ပြီးနောက် မူးယစ်ဆေးဝါးမှောင်ခိုသူများက ၎င်းတို့သယ်လာသော မူးယစ်ဆေးဝါးများကိုစွန့်ပစ်ထွက်ပြေးသွားကြကြောင်း နိုင်ငံမြောက်ပိုင်းနယ်စပ် မူးယစ်ဆေးဝါးနှိမ်နင်းရေးတပ်ဖွဲ့တပ်မှူး ဗိုလ်ချုပ်ကြီး သာဝင်ဝန် က ဩဂုတ်လ ၁၀ ရက်တွင် ပြောခဲ့သည်။

တိုက်ပွဲတွင် ထိုင်းလုံခြုံရေးတပ်ဖွဲ့များဘက်မှ ထိခိုက်မှုမရှိခဲ့ကြောင်း သိရသည်။ ၎င်းတို့က ကျောပိုးအိတ် ငါးအိတ်နှင့် မူးယစ်မှောင်ခိုဂိုဏ်းသားများသယ်ဆောင်လာသည် တရားမဝင်မူးယစ်ဆေးဝါးများကို သိမ်းဆည်းမိခဲ့ခြင်းဟုလည်း သိရသည်။

Ref——–Bangkok Post

Leave a Reply

Your email address will not be published. Required fields are marked *