September 19, 2024

၁၀.၈.၂၀၂၄
Written By Thandar

Facebook , Tik Tok တွေမှာ ကြော်ငြာတွေကို ပရိသတ်ဆီကို အမြင်မတူ ဆန်းဆန်းပြားပြားဖန်တီးတတ်တဲ့ သရုပ်ဆောင် လင်းအောင်ခေတ်နဲ့ Mrs. Universe 2019 အိမ်ထောင်ရှင်အလှမယ် ဟန်နီချိုတို့က Zin U Cho Trading Co., Ltd. ကြော်ငြာရိုက်ကူးရေးမှာပါဝင်ခဲ့ကြပါတယ်။

“ကျွန်တော်ကို ခုလို ကြော်ငြာတွေမှာ အောင်မြင်တယ်ဆိုပြီး Zin U Cho က ကမ်းလှမ်းလာတဲ့အတွက်လည်း ဝမ်းသာရပါတယ်။ ကျွန်တော့်အနေနဲ့ လက်ရှိအချိန်မှာ ကြိုးစားနေတုန်းပါ။ကိုယ်တိုင်က ဇာတ်လမ်း ဇာတ်ညွှန်းပုံစံလေးတွေ ပရိသတ်အမြင်ဆန်းအောင် ရိုက်ဖြစ်တယ်လို့ပြောရပါတယ်။ ပရိသတ်မေးခွန်းထုတ်စရာဖြစ်အောင် ရိုက်ဖြစ်တာ့ပါ။ ခုလည်း မဟန်နီချိုနဲ့ တွဲရိုက်ဖို့ မေမေက ရွေးပေးတာပါ။ ကျွန်တော်က ဘယ်သူနဲ့တွဲရိုက်ရမှန်း မသိဖြစ်နေတာလေ။ အမေကလည်း အနုပညာ ဝါသနာပါတယ်လေ။ ခုက မဟန်နီချိုက Zin U Cho ရဲ့ကြော်ငြာလေးမှာ ယောက္ခမပါ။ ယောက္ခမကို ဖားတဲ့အနေနဲ့ အနှိပ်ခုံလေးဝယ်ပေးတာပေါ့။ ဒီကြော်ငြာလေး ထွက်လာရင်လည်း အားပေးပါဦး။ ကျွန်တော် ကိုယ်တိုင်က အောင်မြင်နေပြီလို့ မထင်ပါဘူး ခုမှ သုညကနေ တစ်ဖြစ်ရုံလေးပါ။ ကိုယ်တိုင်အောင်မြင်တယ်လို့ ထင်တဲ့နေ့က ကျရှုံးနေ့ပဲနေမှာပါ။ အားပေးပရိသတ်တွေကိုလည်း ကျေးဇူးတင်ပါတယ်” လို့ သရုပ်ဆောင် လင်းအောင်ခေတ်က MT Entertainment ကို ပြောပါတယ်။

လင်းအောင်ခေတ်ကတော့ Facebook Cele အနေနဲ့ မြန်မာလူမျိုးတွေ ထုံးတမ်းဓလေ့အရ စားစရာတွေ လိုက်လံမြည်းစမ်းကြည့်လို့ရတာကို အကြံယူပြီး ဈေးသည်တွေဆီက စားစရာတွေ ပိုက်ဆံမကုန်ဘဲ လိုက်မြည်းပြီး ဗိုက်ဝတာကို ပျော်ရွှင်စရာအနေနဲ့ ရိုက်ကူးရင်းကတဆင့် ပရိသတ်အားပေးအခိုင်အမာရရှိခဲ့တာပါ။ ဒီကတဆင့် ပရိသတ်အားပေးမှုကြောင့် ကြော်ငြာတွေ တော်တော်များများကို သူ့ရဲ့အိုင်ဒီယာနဲ့ ရိုက်ကူးတင်ဆက်မှုတွေက သန်းနဲ့ချီအားပေးမှုရခဲ့သူလည်း ဖြစ်ပါတယ်။ အိမ်ထောင်ရှင်အလှမယ် ဟန်နီချိုကတော့ သရုပ်ဆောင်လောကထဲကို ရောက်ရှိလာပြီးတော့ ကျိန်စာသင့်နတ်သုဒ္ဓါဇာတ် လမ်းတွဲ စတဲ့ကြော်ငြာတွေ လက်ခံရိုက်ကူးလာသူလည်း ဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *