October 31, 2024

MT News

Written by Thettant

မွေးရာပါ ခါးရိုးကောက်သောရောဂါ(Scoliosis) လူနာ ၆ ဦးအား ရန်ကုန်ဆေးရုံကြီးတွင် အောင်မြင်စွာ ခွဲစိတ်ကုသမှု ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

အဆိုပါကုသမှုကို အရိုးရောဂါအထူးကုဆေးရုံကြီး-ရန်ကုန်၊ ကျောရိုးပိုင်းဆိုင်ရာခွဲစိတ်ကုသဆောင်တွင် ကျောရိုးပိုင်းဆိုင်ရာ ခွဲစိတ်ဆရာဝန်များနှင့်အတူ ဆွစ်ဇာလန်နိုင်ငံ၊ Zurich မြို့၊ Centre for Spinal and Scoliosis Surgery ဆေးရုံမှ ကျောရိုးခွဲစိတ်ဆရာဝန် ပါမောက္ခ ဒေါက်တာကံမင်းသည် ဒီဇင်ဘာ ၁၂ ရက်မှ ၁၄ ရက်နေ့အထိ မွေးရာပါ ခါးရိုးကောက်သောရောဂါ(Scoliosis) လူနာများအား Pedical Screw and Rods Posterior Fixation ဖြင့် ပြန်လည်တည့်မတ်ကုသခြင်းကို ခါးရိုးကောက်သောရောဂါ(Scoliosis) လူနာ စုစုပေါင်း(၆)ဦးအား အောင်မြင်စွာ ခွဲစိတ်ကုသမှု ဆောင်ရွက်ပေးခဲ့သည်ဟုကျန်းမာ​ရေးဝန်ကြီးဌာနမှ သိရသည်။

အဆိုပါ ခါးရိုးကောက်သောရောဂါကုသခြင်းများကို အရိုးရောဂါအထူးကုဆေးရုံကြီး-ရန်ကုန်တွင် ကျောရိုးပိုင်းဆိုင်ရာခွဲစိတ်ကုသဆောင်ရှိ ကျောရိုးခွဲစိတ်ဆရာဝန်များကိုယ်တိုင်သော်လည်းကောင်း၊ ယခုကဲ့သို့ နိုင်ငံခြားမှ ကျွမ်းကျင်သော ကျောရိုးခွဲစိတ်အထူးကုဆရာဝန်ကြီးများအား ဖိတ်ခေါ်၍သော်လည်းကောင်း ပူးပေါင်းဆောင်ရွက်လျက်ရှိရာ ၂၀၀၅ ခုနှစ်မှစ၍ တစ်နှစ်လျှင် ပျမ်းမျှလူနာ ၁၂ ဦးခန့် ခွဲစိတ်ကုသပေးခဲ့ပြီး ယနေ့အထိ ခါးရိုးကောက်သောရောဂါလူနာ စုစုပေါင်း ၂၀၀ ကျော်အား အောင်မြင်စွာ ကုသနိုင်ခဲ့ပြီဖြစ်ကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *