September 19, 2024

၁၀. ၈. ၂၀၂၄
Written by Nyein Kyaw

အိမ်အရောက်ပို့စနစ်ဖြင့် စားအုန်းဆီမှာယူရာတွင် System Error ကြောင့် Call Center Phone သို့ ဆက်သွယ်မရခြင်းများအား ပြင်ဆင်ပြီးဖြစ်၍ ဩဂုတ်လ ၁၀ ရက် (ယနေ့) နေ့လယ်ပိုင်းတွင် ပုံမှန်အတိုင်း ပြန်လည်ဆက်သွယ် မှာယူနိုင်ပြီဖြစ် ကြောင်း မြန်မာနိုင်ငံ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းမှ အသိပေးထုတ်ပြန်ထားသည်။

စားအုန်းဆီ အိမ်အရောက်အပို့စနစ်အား ဇူလိုင်လ ၃၁ ရက်မှစတင်ပြီး Call Center ဖုန်းနံပါတ် ၀၁ -၂၃၉၉၂၂၂ (လိုင်းခွဲ – ၇လိုင်း)ဖြင့် တနင်္လာနေ့မှ စနေနေ့အထိ (တနင်္ဂနွေနေ့နှင့် အစိုးရရုံးပိတ်ရက်မပါ) နံနက် ၉ နာရီမှ ညနေ ၃ နာရီခွဲအတွင်း အမှာစာများ လက်ခံပေးခဲ့ခြင်းဖြစ်သည်။

ထို့ပြင် စားအုန်းဆီမှာယူသူ ပိုမိုများလာသောကြောင့် ဦးစားပေးဖုန်းအမှတ် ၀၉-၇၇၉၇၇၈၈၈၇ (လိုင်းခွဲ-၉) ခုဖြင့် ဆီအမှာစာများကို ဩဂုတ်လ ၈ ရက်မှစတင်၍ နံနက်၉ နာရီမှ ညနေ ၄ နာရီအထိ လိုင်းခွဲနှင့် မှာယူနိုင်သည့်အချိန်များ ထပ်မံတိုးမြှင့်လက်ခံပေးခဲ့ခြင်းဖြစ်သည်။

သို့သော် ပြီးခဲ့သည့်ရက်ပိုင်းတွင် စားသုံးသူများ မှာယူရာတွင် ဖုန်းလိုင်းကျနေခြင်းနှင့် ခေါ်ဆို၍မရရှိခြင်းများ ဖြစ်ပေါ်ခဲ့သလို Call Center Phone တွင် System Error ဖြစ်ပွား၍ ဖြန့်ဖြူးခြင်းလုပ်ငန်း တုန့်ဆိုင်းသွားခြင်းဖြစ်ပေါ်ခဲ့သဖြင့် အမြန်ဆုံးပြင်ဆင်ဆောင်ရွက်လျက်ရှိရာ ဩဂုတ်လ ၁၀ ရက် (စနေနေ့) နေ့လယ်ပိုင်းတွင် ပြန်လည်ဆက်သွယ်မှာကြားနိုင်ပြီဖြစ် ကြောင်း အသိပေးထုတ်ပြန်ထားသည်။

ထို့အတူ စားအုန်းဆီ အိမ်အရောက်ပို့စနစ်အတွက် နည်းပညာပိုင်းဆိုင်ရာ တာဝန်ယူထားသည့် Blue Ocean Operating Management မှလည်း ဖုန်းအဝင်ခေါ်ဆိုမှု အရေအတွက်မှာ ခန့်မှန်းထားသည်ထက် များစွာသော ခေါ်ဆိုမှုများရရှိခဲ့ခြင်းကြောင့် လတ်တလော အသုံးပြုနေသော Call Center စနစ်သည် နှေးသွားခြင်း၊ ဖုန်းခေါ်ဆိုလာသော မိဘပြည်သူများ အသံကို ကောင်းမွန် ကြည်လင်စွာမကြားရခြင်း၊ ရံဖန်ရံခါလိုင်းများ ပြတ်တောက်သွားခြင်း၊ ဖုန်းခေါ်ဆိုရာတွင် စောင့်ဆိုင်းရသော ကြာချိန်များပြားနေခြင်း စသည့် အခက်အခဲများစွာကို ကြုံတွေ့ခဲ့ရကြောင်း ထုတ်ပြန်ထားသည်။

ထို့ကြောင့် Call Center စနစ်အား အဆင့်မြှင့်တင်မှုများ ဆောင်ရွက်ပြီးစီးမည့် ဩဂုတ်လ ၁၀ ရက် (ယနေ့) နံနက် ၁၀ နာရီနောက်ပိုင်းတွင် Call Center နံပါတ် ၀၁-၂၃၉၉၂၂၂ နှင့် ၀၉-၇၇၉၇၇၈၈၈၇ တို့အား မူလအတိုင်း ပြန်လည်ခေါ်ဆိုနိုင်မည်ဖြစ် ကြောင်း အသိပေးထားသည်။ Technical Issue ဖြစ်ပေါ်ခဲ့သော ရက်များအတွက် Blue Ocean Operating Management မှ အနူးအညွတ်တောင်းပန်ထားသည်။

Leave a Reply

Your email address will not be published. Required fields are marked *