September 19, 2024

၁၀.၈.၂၀၂၄
Translated by Htwe Ko Tun

ထိုင်းနိုင်ငံ၊ အယုဒ္ဓယပြည်နယ်၊ ဘန်ဆိုင်းခရိုင်အတွင်းရှိ သင်္ဘောကျင်းတစ်ခုတွင် ဩဂုတ်လ ၉ ရက် မွန်းလွဲပိုင်းက ပေါက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့ရာ လူနှစ်ဦးသေဆုံးပြီး အခြားအများအပြားလည်း ဒဏ်ရာရရှိခဲ့ကြကြောင်း သတင်းများက ဖော်ပြခဲ့သည်။

သတင်းများအရ မွန်းလွဲ ၂ နာရီ ၁၀ မိနစ်တွင် အကြောင်းကြားချက်ကို လက်ခံရရှိပြီးနောက် ကယ်ဆယ်ရေးအဖွဲ့ဝင်များက ဆာနမ်ချိုင်း ခရိုင်ခွဲအတွင်း အချင်းဖြစ်ပွားရာနေရာသို့ လျင်မြန်စွာရောက်ရှိလာခဲ့ကြကြောင်းလည်း သိရသည်။

ကယ်ဆယ်ရေးအလုပ်သမားတစ်ဦးက ပေါက်ကွဲမှုတွင် လူနှစ်ဦးသေဆုံးပြီး အနည်းဆုံးခုနှစ်ဦးဒဏ်ရာရခဲ့ရာ သုံးဦးမှာ အသက်အန္တရာယ်စိုးရိမ်ရကြောင်း ပြောခဲ့သည်။

သင်္ဘောကျင်းတွင် အလုပ်သမားများ ဂဟေဆော်ရာမှ လွင့်စင်ထွက်လာသော မီးပွားများက မီးလောင်လွယ်သော သုတ်ဆေးများနှင့် ဓာတ်ပြုရာမှ ပေါက်ကွဲမှုဖြစ်ရခြင်းဖြစ်ကြောင်း သိရသည်။

Ref- bangkok Post

Leave a Reply

Your email address will not be published. Required fields are marked *