October 18, 2024

၂၄.၆.၂၀၂၄
Written by KL

မြိတ်မြို့၊ မြိတ်တောင်ရပ်ကွက်၊ မြို့သစ်(၇)ရပ်၊ ဦးမြတ်လေး လမ်းရှိ နှစ်ထပ်လူနေအိမ်တွင် ယနေ့ ဇွန်လ ၂၄ ရက် နံနက် ၅ နာရီ ၅၅ မိနစ်ခန့်က ထမင်းပေါင်းအိုးတည်ထားရာမှ အပူလွန်ကဲပြီး နေအိမ်တစ်လုံး မီးလောင်ခဲ့ကြောင်း တနင်္သာရီ တိုင်းဒေသကြီး မီးသတ်ဦးစီးဌာနထံမှ သိရသည်။

မီးလောင်မှုမှာ မိနစ်၂၀ ခန့်ကြာမြင့်ခဲ့ပြီး အလျား ၁၅ ပေ၊ အနံ ပေ ၄၀ ရှိ သွပ်မိုး၊ ပျဉ်ကာ၊ ပျဉ်ခင်း နှစ်ထပ်လူနေအိမ်၏ အပေါ်ထပ်နှင့် အဝတ်အထည်များ၊ အသုံးအဆောင် ပစ္စည်းများ မီးလောင်ခဲ့ကြောင်း သိရသည်။

“မီးက မနက်အစောပိုင်းမှာ စလောင်တာ။ မီးကတော်တော်အားကောင်းနေပြီ။ လူနိုင်သွားလို့ အိမ်တစ်လုံးပဲ ပါသွားတာ။လူထိခိုက်သေဆုံးမှုတော့ မရှိပါဘူး”ဟု မြိတ်တောင်ရပ်ကွက်​နေသူ အမျိုးသားတစ်ဦးက ပြောသည်။

မီးလောင်မှုကို မီးငြှိမ်းသတ်ယာဥ် ၇ စီး၊ ရေသယ်ယာဥ် ၇ စီး၊လူနာတင်ယာဥ် ၅ စီး၊ သန္ဓေအရန်မီးသတ်တပ်ဖွဲ့ဝင် ၈၀ ကျော်၊ ကြက်ခြေနီ ၁၀ ဦး၊ ရဲတပ်ဖွဲ့ဝင် ၁၃ ဦးနှင့် ပြည်သူများက ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြပြီး မီးလောင်မှုဖြစ်အောင် မီးပေါ့ဆသုံးစွဲသူကို ပုဒ်မ ၂၈၅ ဖြင့် အမှုဖွင့်ကာ အရေးယူသွားမည်ဖြစ်ကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *