၂၄.၆.၂၀၂၄
Written by TZ
မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်၊ ၆၂ လမ်းနှင့် ၁၄၃ လမ်းအနီးရှိ သစ်ပင်အောက်တွင် အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ်ဆွဲကြိုးချ၍ အဆုံးစီရင်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဇွန်လ ၂၃ ရက် နေ့လယ် ၁ နာရီအချိန်ခန့်တွင် နယ်မြေခံရဲတပ်ဖွဲ့မှ လောကပါလလူမှုကူညီရေးအသင်းသို့ ဖုန်းဆက်အကြောင်းကြားသောကြောင့် ရုပ်အလောင်းကို အသင်းယာဥ်ဖြင့်သယ်ဆောင်ပြီး မန္တလေးဆေးရုံကြီးရင်ခွဲရုံသို့ ပို့ဆောင်လိုက်ကြောင်း သိရသည်။
“အမျိုးသားအလောင်းသယ်ပေးဖို့ နယ်မြေခံရဲက ဖုန်းဆက်လို့ သွားသယ်တာပါ။ ကျန်တာက မသိဘူး” ဟု လောကပါလ လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
ဆွဲကြိုးချပြီး သေဆုံးသည့် အမျိုးသားမှာ အသက် ၃၀ ကျော်ရှိကြောင်း၊ အဆိုပါသေဆုံးမှုမှာ ဓမ္မတာအတိုင်းသေဆုံးမှု မှန် မှန် ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးနေကြောင်း သိရသည်။
ဓာတ်ပုံ – လောကပါလ လူမှုကူညီရေးအသင်း