MT News
Translated by Htwe Ko Tun
ထိုင်းနိုင်ငံတွင် အစိုးရရှေ့နေများက အမေရိကန်နိုင်ငံသားတစ်ဦးနှင့် မြန်မာနိုင်ငံမှလက်နက်ပွဲစားဟုစွပ်စွဲခံရသူတစ်ဦးတို့ကို ထိုင်းနိုင်ငံပိုင်ကုမ္ပဏီတစ်ခုမှ စွမ်းအင်ဝယ်ယူခြင်းနှင် ၎င်းကိုမြန်မာနိုင်ငံအတွင်းရောင်းချရန် ထိုင်းနယ်စပ်ပြည်နယ်တစ်ခုသို့ ပို့ပေးခြင်းဖြင့် မူးယစ်ဆေးဝါးမှရရှိသော ငွေမည်းကို ငွေဖြူဖြစ်အောင်ပြုလုပ်သည့်စွဲချက်များဖြင့် တရားစွဲခဲ့ကြောင်း သိရသည်။
တရားစွဲမှုကို လူသိရှင်ကြားမကြေညာခဲ့သော်လည်း ဒီဇင်ဘာလ ၁၃ ရက်ကအမေရိကန်နိုင်ငံသား Gultula နှင့် မြန်မာနိုင်ငံသားလုပ်ငန်းရှင်တစ်ဦးဖြစ်သည့် ဦးထွန်းမင်းလတ်တို့ကို တရားစွဲခဲ့ခြင်းဟု သိရသည်။ ၎င်းတို့အား ငွေကြေးခဝါချမှု၊ နိုင်ငံဖြတ်ကျော်ရာဇဝတ်မှုများစွဲချက်တို့ဖြင့် တရားစွဲခံရဖွယ်ရှိကာ ထိုင်းနိုင်ငံတွင် ထောင်ဒဏ် ၁၅ နှစ်ထိ ကျခံရဖွယ်ရှိသည်။ ထို့ပြင် ၎င်းတို့ကို သေဒဏ်အထိအပြစ်ပေးနိုင်သော မူးယစ်ဆေးဝါးကူးသန်းရောင်းဝယ်မှုနှင့် ဆက်စပ်နေသော စွဲချက်များဖြင့်လည်း စွဲဆိုခံရဖွယ်ရှိသည်။
ဦးထွန်းမင်းလတ်က မူးယစ်ဆေးဝါးရောင်းဝယ်ရရှိသောငွေကြေးများကို လျှပ်စစ်ကုမ္ပဏီတစ်ခုသို့ လွှဲပြောင်းခဲ့သည်ဟု စွပ်စွဲခြင်းခံထားရသည်။ Gultula က ၎င်းတို့နှစ်ဦးဆက်စပ်ဆောင်ရွက်ခဲ့သော Allure Group(P&E)ထံသို့ ငွေကြေးများလွှဲပြောင်းပေးမှုကို ကြီးကြပ်ခဲ့သည်ဟု သိရသည်။ ၎င်းတို့နှစ်ဦးဘက်မှ လိုက်ပါဆောင်ရွက်မည့် ရှေ့နေများကိုမူ မသိရှိရသေးပေ။
မယ်ဆိုင် ပြည်နယ် လျှပ်စစ်အာဏာပိုင်အဖွဲ့ကမူ ထိုသတင်းနှင့်ပတ်သက်၍ တစ်စုံတစ်ရာပြောရန် ငြင်းဆိုခဲ့သည်။ သို့သော် နိုင်ငံပိုင်လျှပ်စစ်ကုမ္ပဏီမှ အမည်မဖော်လိုသော ပုဂ္ဂိုလ်တစ်ဦးက ထိုင်းတရားရေးဝန်ကြီးဌာနတွင် ၎င်းတို့နှင့်ပတ်သက်သောစာရွက်စာတမ်းများကို မူးယစ်ထိန်းချုပ်ရေးအဖွဲ့သို့ လွှဲပြောင်းပေးပြီဖြစ်ကြောင်း ပြောခဲ့သည်။
ထိုင်းအစိုးရသည် ဦးထွန်းမင်းလတ်အား စွပ်စွဲဖမ်းဆီးပြီးနောက် ထိုင်းဘတ်နှစ်ဘီလျံခန့်တန်ဖိုးရှိ ဦးထွန်းမင်းလတ်ပိုင်ဆိုင်မှုများ သိမ်းဆည်းကာ အပြီးသတ်သိမ်းဆည်းနိုင်ရန်လည်း ကြိုးပမ်းနေသည်။
Ref-OCCRP