October 18, 2024

၂၃.၆.၂၀၂၃
Written by TZ

ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာအနောက်ပိုင်းမြို့နယ်၊ BOC အဝိုင်းမီးပွိုင့်တွင် ယာဥ် ၃ စီးဆင့်တိုက်မူဖြစ်ပွားရာက ၃ ဦးဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

အဆိုပါဖြစ်စဥ်မှာ ဇွန်လ ၂၂ ရက် ည ၁၁ နာရီဝန်းကျင်က ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး BOC အဝိုင်းမီးပွိုင့်တွင် အိမ်စီးယာဥ် ၂ စီးနှင့် Taxi ယာဥ် ၁ စီးတို့ ဆင့်တိုက်မူဖြစ်ပွားရာ ထိုယာဥ်ထဲ၌ ညှပ်နေသူများကို မေတ္တာအလင်းလူမှုကူညီရေးအသင်းမှ ကယ်ထုတ်၍ လူနာများကို လှိုင်သာယာလူနာတင်ယာဥ်ကွန်ရက်အဖွဲ့သို့ လွဲပြောင်းပေးခဲ့ကြောင်း သိရသည်။

“အမျိုးသား ၂ ယောက်၊ အမျိုးသမီး ၁ ယောက် ဒဏ်ရာရတယ်။ ဒဏ်ရာတွေကအရမ်းကြီး မပြင်းထန်ဘူး။ ယာဥ်တွေက ဘယ်လိုကနေတိုက်မိလဲတော့မသိဘူး။ ကျွန်မတို့အသင်းကားထဲမှာက လူနာပါလို့ လှိုင်သာယာအသင်းကို လွှဲပေးလိုက်တာ”ဟု မေတ္တာအလင်းလူမူကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက MT News သို့ ပြောသည်။

Photo – Htun Htun Naing

Leave a Reply

Your email address will not be published. Required fields are marked *