October 18, 2024

၂၂ . ၆ .၂၀၂၄
Written by MMAK

◾ချက် Vs ဂျော်ဂျီယာ

ချက်အသင်းက ပေါ်တူဂီကိုရှုံးခဲ့ပြီး ဂျော်ဂျီယာအသင်းက တူရကီကို ရှုံးခဲ့တာကြောင့် ရှုံးပွဲတွေ့ထားတဲ့ နှစ်သင်းထိပ်တိုက်တွေ့နေတာ ဖြစ်ပါတယ်။ တူရကီကို ဂိုးပြတ်ရှုံးခဲ့ပေမဲ့ ဂျော်ဂျီယာအသင်းရဲ့ကစားပုံ တော်တော်လေး ကောင်းခဲ့တာ တွေ့ရသလို နောက်ဆုံးမိနစ်အထိ တူရကီကို ဖိအားပေးကစားပြခဲ့ပြီး အပိုင်အခွင့်အရေးတွေကို အသုံးမချနိုင်ခဲ့တာကြောင့် ရှုံးခဲ့ရပေမဲ့ ခြေစွမ်းအရ မညံ့ခဲ့ပါဘူး။ တူရကီတောင် ဘော်ဒီကြေး တစ်လုံးလေးဆယ်စား ပေးခဲ့တဲ့ ဂျော်ဂျီယာကို တူရကီထက် ကမ္ဘာ့အဆင့်ပိုမြင့်တဲ့  ချက်အသင်းအနေနနဲ့ တူရကီပေးခဲ့သလို တစ်လုံးလေးဆယ်စားဆိုတဲ့ ခပ်မာမာကြေးမျိုး မပေးထားနိုင်ဘဲ ဘော်ဒီကြေးတစ်လုံးကို ခုနှစ်ဆယ်စားဆိုတဲ့ ပေါက်ကြေးပေးထားတာ တွေ့ရပါတယ်။ ချက်အသင်းက ဂျော်ဂျီယာအသင်းထက် ကမ္ဘာ့အဆင့် သတ်မှတ်ချက် ၃၉ ဆင့်လောက်ပိုမြင့်ပေမဲ့ ခြေစွမ်းအရ သိပ်မကွာဘူးလို့ ယူဆထားပြီး ချက်အသင်းရဲ့ ခြေစွမ်းထက် ဂျော်ဂျီယာအသင်းရဲ့ ခြေစွမ်းကို ပိုသဘောကျနေပါတယ်။ ဘော်ဒီကြေး တစ်လုံးခုနှစ်ဆယ်စားဆိုတဲ့ ပေါက်ကြေးမှာ သရေတစ်ပေါက် ရှိနေသလို ချက်အသင်း နှစ်ဂိုးပြတ်နိုင်ဖို့ဆိုတာ တော်တော်မလွယ်တာပါ။ ဂျော်ဂျီယာအသင်းက နောက်ဆုံးပွဲမှာ ပေါ်တူဂီအသင်းနဲ့ ကန်ရမှာကြောင့် အနိုင်ရဖို့ရာ မဖြစ်နိုင်ဘဲ ဒီပွဲကိုသာ အားသွန်ခွန်စိုက် ကစားလာမဲ့ အနေအထားဖြစ်ပါတယ်။ အထက်ကြေးအသင်းတွေနဲ့ ဂိုးပေါ်တွေ ခဏခဏ အောင်နေတာကြောင့် ဒီနေ့ညမှာတော့ ဘွတ်ကီစားမဲ့ ပွဲစဥ်တွေ ရှိလာနိုင်ပါတယ်။ ဒီအတွက်ကြောင့် အောက်ကြေးဂျော်ဂျီယာနဲ့အတူ ဒိုင်ဘက်ကနေသင့်ပါတယ်။

◾ပေါ်တူဂီ Vs တူရကီ

နှစ်သင်းလုံး နိုင်ပွဲကိုယ်စီရထားတာကြောင့် သုံးမှတ်စီရရှိထားပြီး ဂိုးကွာခြားချက်ကြောင့် တူရကီအသင်းက အဆင့်တစ်မှာ ရပ်တည်နေပါတယ်။ ဒီပွဲမှာ ပေါ်တူဂီအသင်းရဲ့ ဘော်ဒီကြေး တစ်လုံးနှစ်ဆယ်စားဆိုတဲ့ ပေါက်ကြေးနဲ့ ဂိုးပေါင်းကြေး သုံးလုံးခြောက်ဆယ်စားဆိုတဲ့ ပေါက်ကြေးကို လုံ၀မကြိုက်ပါဘူး။ တစ်လုံးနှစ်ဆယ်စားဆိုတဲ့ ဘော်ဒီပေါက်ကြေးမျိုးက သရေကျတတ်သလို နိုင်ရင်လည်း တစ်ဂိုးထက် မပိုဘူးဆိုတဲ့ပေါက်ကြေးမျိုးဖြစ်ပြီး ဂိုးပေါင်းကြေး သုံးလုံးခြောက်ဆယ်စားဆိုတဲ့ ပေါက်ကြေးက ဂိုးပေါ်ခေါ်နေတာ သိသာလွန်းပါတယ်။ ဇယားထိပ်ဆုံးမှာ ရပ်တည်ထားနိုင်တဲ့ တူရကီအသင်းအနေနဲ့ ပေါ်တူဂီလို အသင်းကို တိုက်စစ်ယှဥ်ကစားစရာ အကြောင်းမရှိသလို တူရကီအသင်းက သရေ ရရင်တောင် ဇယားထိပ်ဆုံးမှာ ရှိနေမှာပါ။ တစ်ဂိုးသွင်းရင် ပြားနှစ်ဆယ်စားရမဲ့ ပေါ်တူဂီဘော်ဒီနဲ့ ဂိုးပေါ်ခေါ်ထားတဲ့ ဂိုးပေါင်းကြေး သုံးလုံးခြောက်ဆယ်စားပေါက်ကြေးမှာ ထိုးသားတွေ စုပုံနေပါလိမ့်မယ်။ ဒီပေါက်ကြေးအရ ပေါ်တူဂီနဲ့ ဂိုးပေါ် စုံအောင်မယ် မထင်တာကြောင့် အကြိုက်ဆုံး တစ်ကွက်ကို ရွေးချယ်ရမယ်ဆိုရင် ဂိုးအောက်ကို ရွေးသင့်ပါတယ်။

◾ဘယ်လ်ဂျီယံ Vs ရိုမေးနီးယား

ကမ္ဘာ့အဆင့် နံပါတ်သုံး ဘယ်လ်ဂျီယံလိုအသင်းက ဇယားအောက်ဆုံးမှာ ရှိနေပြီး ကျန်တဲ့သုံးသင်းက သုံးမှတ်စီနဲ့ အထက်မှာရပ်နေကြပါတယ်။ အုပ်စု -E ရဲ့ ရမှတ်တွေက စိတ်၀င်စားဖို့ ကောင်းနေပြီး ဒီညမှာ ဘယ်ဂျီယံအသင်းက အနိုင်ရမယ်ဆို လေးသင်းလုံး နှစ်ပွဲကစား သုံးမှတ်စီ ရရှိကြမှာ ဖြစ်ပါတယ်။ ယူကရိန်းအသင်းကို သုံးဂိုးပြတ်နိုင်ခဲ့တဲ့ ရိုမေးနီးယားအသင်းက ဇယားထိပ်ဆုံးမှာ ရပ်တည်နေပြီး ဒီပွဲမှာသာ သရေရခဲ့ရင် အုပ်စုတက်ဖို့ သေချာသလောက်ရှိနေပါတယ်။ ဘယ်လ်ဂျီယံလို ကမ္ဘာ့အဆင့် သုံးဆိုတဲ့ အဆင့်ကြီးနဲ့ သူ့ထက်နိမ့်တဲ့ အသင်းတွေကြားမှာ အုပ်စုတက်ပါ့မလားဆိုတာ စိုးရိမ်စရာ ကောင်းတဲ့ အခြေအနေဖြစ်နေပါတယ်။ ဒီပွဲနိုင်မှဖြစ်မဲ့ ဘယ်ဂျီယံအသင်းက တစ်လုံးနှစ်ဆယ်အရှုံးပေးထားပြီး ဂိုးပေါင်းကြေး သုံးလုံးငါးဆယ်စား ဖြစ်ပါတယ်။ အခုဘယ်လ်ဂျီယံက အရင်နှစ်တွေတုန်းက ဘယ်လ်ဂျီယံမဟုတ်တော့တာကို သတိထားစေချင်ပါတယ်။ အခုဘယ်ဂျီယံမှာ ကမ္ဘာ့အဆင့်ကစားသမားဆိုလို့ ဒီဘရိုင်းတစ်ယောက်သာ ရှိနေပြီး ဒီဘရိုင်းလည်း အသက်အရွယ်ရနေတာကြောင့် ပွဲချိန်ပြည့်မကစားနိုင်သလို အထောင်တိုက်စစ်မှူးလူကာကူကလည်း အရင်နှစ်တွေတုန်းက လူကာကူမဟုတ်တော့ပါဘူး။ ဘယ်လိုလဲ ဖြစ်ဖြစ် အနိုင်ရမှဖြစ်မဲ့ ဘယ်ဂျီယံအသင်း အနိုင်ရအောင် ကြိုးစားလာမှာ ဖြစ်ပေမဲ့ ပေါက်ကြးအရ ဂိုးပြတ်နိုင်ပါ့မလားဆိုတာ စိုးရိမ်စရာ ကောင်းပါတယ်။ သရေရအောင် အသားကုန်ပိတ်ကစားလာမဲ့ ရိုမေးနီးယားအသင်းကို ဘော်ဒီကြေးတောင် ရဲရဲတင်းတင်း မပေးနိုင်တဲ့ အနေအထားမှာ ဂိုးပေါင်းအောင်ဖို့ လေးဂိုးက ဘယ်သူလာသွင်းပေးမှာမို့လို့လဲ ဆိုတာ စဥ်းစားလို့မရပါဘူး။ ရိုမေးနီးယားအသင်းက သရေရလဒ်အတွက် ခံစစ်ပိတ်ကစားမှာ ဖြစ်တာကြောင့် ဘယ်လ်ဂျီယံအသင်း ကပ်ပြီးတော့ အနိုင်ရနိုင်ပေမဲ့ နှစ်သင်းပေါင်း လေးဂိုးရောက်ဖို့ ဆိုတာ မလွယ်လို့ ဂိုးအောက်တစ်ကွက်ကိုပဲ ရွေးချယ်ပေးလိုက်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *