October 18, 2024

၂၂.၆.၂၀၂၄
Written by TZ

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်မြို့ရှိ တည်းခိုခန်းတစ်ခုတွင် အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် ဆွဲကြိုးချသေဆုံးမှု ယနေ့ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဖြစ်စဥ်မှာ ယနေ့ ဇွန်လ ၂၂ ရက်နေ့လယ်ပိုင်းတွင် အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် ဆွဲကြိုးချ (ကြိုးဆွဲချ)၍ သေဆုံးသောကြောင့် ရုပ်အလောင်းကို သယ်ယူပေးပါရန် အကူအညီတောင်းလာသောကြောင့် လောကအလင်းလူမှုကူညီကယ်ဆယ်ရေးအသင်းမှ သွားရောက်ကူညီကာ ရုပ်နလောက်းကို သန်လျင်ပြည်သူ့ဆေးရုံကြီး ရင်ခွဲရုံသို့ ပို့ဆောင်လိုက်ကြောင်း သိရသည်။

“အကြောင်းရင်း ကိစ္စတော့မသိဘူး။ ကောင်လေးက အသက်က ( ၂၃) နှစ်ရှိပြီ” ဟု လောကအလင်းလူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက MT News သို့ ပြောသည်။

ဆွဲကြိုးချသေဆုံးသည့် အမျိုးသားမှာ သုံးခွမြို့၊ ကွင်းကြီးကျေးရွာတွင် နေထိုင်သူဖြစ်ကြောင်း၊ ရုပ်အလောင်းကို သန်လျင်ဆေးရုံကြီး ရင်ခွဲရုံမှတစ်ဆင့် နေအိမ်သို့ ပို့ဆောင်လိုက်ကြောင်း သိရသည်။

Photo – Steven Thanlyn Steven Thanlyn

Leave a Reply

Your email address will not be published. Required fields are marked *