October 18, 2024

၂၂.၆.၂၀၂၄
Written By Thandar

မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးက ၂ဝ၂၃ – ၂ဝ၂၄ ပညာရေးထူးချွန်ဆုချီးမြှင့်ပွဲနဲ့ ၂၀၂၄- ၂၀၂၅ ပညာသင်နှစ် ပညာသင်ထောက်ပံ့လှူဒါန်းပွဲအခမ်းအနားကို ယနေ့ ဇွန်လ ၂၂ ရက် နံနက် ၁၀ နာရီက ရန်ကုန်မြို့ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးခန်းမမှာ ကျင်းပခဲ့ပါတယ်။

အဆိုပါအခမ်းအနားမှာ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး နာယကကြီး ဦးတင်အောင်၊ ဥက္ကဋ္ဌ ဦး‌ကြည်စိုးထွန်းတို့ အဖွင့်အမှာစကားပြောကြားခဲ့ကြပါတယ်။ အဲဒီနောက် မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးဝင် ရုပ်ရှင်လောကသားတွေရဲ့ သားသမီးဦးရေ ၁၇၈ ဦးတို့ကို မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးက ထောက်ပံ့ငွေ ကျပ် ၂ သောင်း၊ မင်္ဂလာဦး‌ဇော်မင်းက ကျပ်၂ သောင်း၊ မမဆောင်းက ကျပ် ၁ သောင်း၊ ဒေါက်တာ အောင်ကျော်မိုးကကျပ် ၅ ထောင်တို့အပြင် ဗလာစာအုပ်၊ ထီး၊ ဘောပင်၊ ခဲတံ၊ ကွန်ပါဗူး၊ ခဲတံချွန်စက်၊ ကျောင်းဝတ်စုံ စတာတွေကို ပေးအပ်သွားမှာဖြစ်ပါတယ်။

ဂုဏ်ထူးရကလေးငယ် ထူးချွန်ဆုပေးပွဲကို ၂၀၀၅- ၂၀၀၆ ခုနှစ်ကစပြီး နှစ်စဉ်ဆုတွေပေးအပ်ချီးမြှင့်ခဲ့တာလည်း ဖြစ်ပါတယ်။ ယခု ၂၀၂၄ ခုနှစ်မှာတော့ ၆ ဘာသာဂုဏ်ထူးရှင် ခန့်ဝင့်ထည်ကိုလည်း ရုပ်ရှင်အစည်းအရုံးက ၁ ဘာသာကို ကျပ်တစ်သိန်းနှုန်း၊ မင်္ဂလာဇော်မင်းက ကျပ်တစ်သိန်းနဲ့ စွမ်းစိုးစံက ကျပ်တစ်သိန်း ဆုချီးမြှင့်ပေးအပ်ခဲ့ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *