၂၂.၆.၂၀၂၄
Written by TZ
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ တောင်ငူမြို့၊ မဲဘလံကျေးရွာတွင် နေထိုင်သည့် အသက် ၁၄ နှစ်အရွယ် အမျိုးသားငယ်တစ်ဦးမှာ စပါးပေါင်းသတ်ဆေး သောက်မိသောကြောင့် တောင်ငူပြည်သူ့ဆေးရုံကြီးမှတစ်ဆင့် နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်၊ ကုတင် (၁၀၀၀) ဆေးရုံတွင် အရေးပေါ်အဖြစ် ဆေးကုသမှုခံယူနေရကြောင်း သိရသည်။
ထိုကလေးငယ်မှာ တောင်ငူမြို့၊ (၁၈) ရပ်ကွက်၊ ကြာနီကန်ဘုန်းကြီးကျောင်းတွင် စစ်ဘေးရှောင်အဖြစ်နေထိုင်ရင်း ဇွန်လ ၂၁ ရက်နေ့တွင် ၎င်းနေထိုင်သည့် မဲဘလံကျေးရွာသို့ပြန်ချိန် စပါးပေါင်းသတ်ဆေးအား သောက်မိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“ဘာစိတ်ညစ်မှုရှိလဲတော့ မသိဘူး။ ရွာပြန်တော့ သောက်လိုက်တာလို့ သိရတယ်။ တောင်ငူမှာက အဆိပ်ထုတ်တဲ့စက်မရှိတော့ နေပြည်တော်ကို လွှတ်လိုက်တာ”ဟု ရွှေမင်းဝင်းအရေးပေါ်ကယ်ဆယ်ရေးနှင့်လူမှုကူညီရေးပရဟိတအသင်းမှ အရှင်စန္ဒောဘာသက MT News သို့ မိန့်ကြားသည်။
ဓာတ်ပုံ – အရှင်စန္ဒောဘာသ