October 18, 2024

၂၂.၆. ၂၀၂၄
Written by Shwe Phyo

ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ခြမ်းသို့ ကျည်ဆံများကျရောက်စေသော ပစ်ခတ်မှုများ ထပ်မံလုပ်ဆောင်လာမည်ဆိုလျှင် လက်တုံ့ ပြန်သွားမည်ဖြစ်ကြောင်း မြန်မာအစိုးရနှင့် ရခိုင်လက်နက်ကိုင်အဖွဲ့တို့ကို ဘင်္ဂလားဒေ့ရှ်ပြည်ထဲရေးဝန်ကြီး အဇာဒူဇာမန်ခန်က ထပ်မံသတိပေးပြောလိုက်သည်။

ဘင်္ဂလားဒေ့ရှ်ပြည်ထဲရေးဝန်ကြီးက “ကျွန်တော်တို့ဟာ ပစ်ခတ်မှုတွေကို လက်တုံ့ပြန်သွားရမှာဖြစ်တယ်။ တိုက်ခိုက်မှုတွေ ထပ်မံဖြစ်လာမယ်ဆိုရင်တော့ လက်တုံ့ပြန်ရမှာဖြစ်တယ်။ မြန်မာနိုင်ငံဟာ ပြည်တွင်းပဋိပက္ခတွေဖြစ်နေတယ်။ မြန်မာနိုင်ငံမှာ မတူညီတဲ့တိုင်းရင်းသားအုပ်စုတွေရှိနေတယ်။ အဲဒီ မတူညီတဲ့တိုင်းရင်းသားအုပ်စုတွေကြားမှာ ပဋိပက္ခတွေဖြစ်နေတာဖြစ်တယ်။ ရခိုင်လက်နက်ကိုင်အဖွဲ့ဟာ ရခိုင်ပြည်နယ်အတွင်းမှာ နေရာအများစုကို ထိန်းသိမ်းတယ်ဆိုတဲ့သတင်းတွေကြားနေရတယ်။ မြန်မာနယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်တွေဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ခြမ်းကို ဆုတ်ခွာလာတာမျိုးတွေရှိခဲ့တယ်။ ဒါပေမယ့် မြန်မာလုံခြုံရေးတပ်ဖွဲ့တွေ ဒါမှမဟုတ် ရခိုင်လက်နက်ကိုင်အုပ်စုတွေဟာ ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်တပ်ဖွဲ့တွေကို မှားယွင်းပစ်ခတ်တာမျိုး ရှိခဲ့တယ်။ အဲဒီလိုမျိုး မှားယွင်းပစ်ခတ်ခံရမှုတွေအတွက် စိုးရိမ်ရတယ်။ ကျွန်တော်တို့ရဲ့ယာဉ်တွေ၊ ကားတွေမှာ နိုင်ငံအလံကို သိသာထင်ရှားစွာတပ်ဆင်ထားမယ်ဆိုရင် ပစ်ခတ်မှာမဟုတ်ဘူးလို့ ပြောတာမျိုးလည်းရှိနေတယ်” ဟုပြောသည်။

စိန့်မာတင်ကျွန်းအနီးတွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ စားနပ်ရိက္ခာတင်ဆောင်လာသော လှေများကို မြန်မာနိုင်ငံဘက်ခြမ်းမှ ပစ်ခတ်ခဲ့ပြီးနောက် ဘင်္ဂလားဒေ့ရှ်လမ်းပန်းဆက်သွယ်ရေးနှင့် တံတားရေးရာဝန်ကြီးကလည်း ပြီးခဲ့သောရက်ပိုင်းတွင် သတိ ပေးပြောဆိုခဲ့ဖူးသည်။

REF tbsnews

Leave a Reply

Your email address will not be published. Required fields are marked *