October 18, 2024

၂၁.၆. ၂၀၂၄
Written by Shwe Phyo

ထိုင်းနှင့်မြန်မာ နယ်စပ်ဂိတ်ကိုပိတ်ထားဆဲဖြစ်သည့်အတွက် ကုန်ကားများ နယ်စပ်ဒေသတွင် ပိတ်မိနေကြောင်း၊ ရာနှင့်ချီသော ကုန်ကားများသည် ထိုင်းနှင့် မြန်မာနယ်စပ်ဂိတ် ပြန်လည်ဖွင့်လှစ်မည့်အချိန်ကို စောင့်ဆိုင်းနေရဆဲဖြစ်ကြောင်း၊ ကုန်ကားများသည် ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နားရှိ ဘုရားသုံးဆူနယ်စပ်ဂိတ်နားတွင် ပိတ်မိနေခြင်းဖြစ်ကြောင်း ကုန်သည်များက ပြောသည်။

ကုန်သည်များက ထိုင်းနှင့်မြန်မာနိုင်ငံကြား နယ်စပ်ဂိတ်များ ပြန်လည်ဖွင့်လှစ်မည့်အချိန်ကို အတိအကျမသိရသေးကြောင်း၊ ကုန်ကားများသည် ထိုင်းနှင့်မြန်မာနိုင်ငံဘက်ခြမ်းတွင်ရှိနေပြီး နယ်စပ်ဂိတ်ဖွင့်လှစ်မည့်အချိန်ကို စောင့်ဆိုင်းနေရကြောင်း ပြောသည်။

ကုန်သည်များက ဇွန်လ ၁၇ ရက်နေ့တွင် မြန်မာနိုင်ငံဘက်ခြမ်း နယ်စပ်ဖြတ်သန်းသည့်ဂိတ်များကို ပိတ်ခဲ့ကြောင်း ပြောဆိုခဲ့သည့်အပြင် “ထိုင်းနိုင်ငံဘက်ခြမ်း ပိတ်လိုက်ချိန်မှာ ကားတွေ အဝင်၊ အထွက်သွားလာတာမျိုး လုပ်လို့မရတော့ဘူး။ ကျွန်တော်တို့အားလုံးဟာ နယ်စပ်ဂိတ်တွေ ပြန်လည်ဖွင့်လှစ်မယ့်အချိန်ကို စောင့်ဆိုင်းနေရတယ်” ဟု ပြောသည်။

ထိုင်းနှင့်မြန်မာနယ်စပ်ဂိတ်များကို ပိတ်လိုက်သော်လည်းဒေသခံများက ၎င်းတို့သည် အခြားဂိတ်လမ်းကြောင်းမှ ကုန်စည်များကို တစ်နိုင်တစ်ပိုင် ယူဆောင်ရခြင်းများရှိခဲ့ကြောင်း ပြောသည်။ သို့သော် မြန်မာနိုင်ငံဘက်ခြမ်း ကြာအင်းဆိပ်ကြီးအနီးရှိ ဘုရားသုံးဆူ နယ်စပ်ဂိတ်ကို ပြန်လည်ဖွင့်လှစ်လိုက်ပြီဖြစ်ကြောင်း သတင်းများထွက်ပေါ်နေသလိုဘုရားသုံးဆူမြို့ရှိ နယ်စပ်ဂိတ်များ ပြန်လည် ဖွင့်၊ မဖွင့်ကို ဇွန်လ ၂၃ ရက်တွင် သိရမည်ဖြစ်ကြောင်း ဘုရားသုံးဆူမြို့ ဒေသဖွံ့ဖြိုးရေးရုံးမှ တာဝန်ရှိသူတစ်ဦးကပြောဆိုသည်။

ဘုရားသုံးဆူမြို့ ဒေသဖွံ့ဖြိုးရေးရုံးမှ တာဝန်ရှိသူတစ်ဦးက“ဘုရားသုံးဆူက နယ်စပ်ဂိတ်တွေကို ဆက်ပိတ်ထားမလား၊ ဒါမှမဟုတ် အရင်လို ပြန်ဖွင့်မလားဆိုတာကို လာမယ့်ဇွန်လ (၂၃) ရက်နေ့မှာ သိရလိမ့်မယ်လို့ ရုံးကို သတင်းပို့ထားတာရှိတယ်။ လာမယ့် စနေနေ့ကျမှ ဂိတ်တွေကို ပြန်ဖွင့်၊ မဖွင့် သိရမှာပါ”ဟု ပြောကြားသည်။

REF, straietimes

Leave a Reply

Your email address will not be published. Required fields are marked *