October 18, 2024

၂၁. ၆. ၂၀၂၄
Written by Nay Moe

အဝေးပြေးခရီးသည်ယာဥ်ဖြင့် ဘိန်းစိမ်းများသယ်ဆောင်လာသည့် ဒရိုင်ဘာတစ်ဦးနှင့် ယာဥ်နောက်လိုက် စပါယ်ယာ နှစ်ဦးတို့ကို ဖမ်းမိခဲ့သည်ဟု မြန်မာနိုင်ငံရဲတပ်ဖွဲ့က ယနေ့ထုတ်ပြန်သည်။

ဖြစ်စဥ်မှာ ဇွန်လ ၁၉ ရက် ညနေ ၅ နာရီ အချိန် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့၀င်များပါ၀င်သော ပူးပေါင်းအဖွဲ့သည် သက်သေများနှင့်အတူ စစ်ကိုင်းမြို့၊ တစ်ကောင်းရပ်ကွက်၊ ရတနာပုံတံတားအနီးတွင် မော်တော်ယာဉ်များအား စစ်ဆေးရှာဖွေစဉ် မိုးသူရ မောင်းနှင်ပြီး ပြည့်စုံအောင် နှင့် ဇင်မင်းထွန်း တို့လိုက်ပါလာသည့် ခရီးသည်တင် မော်တော်ယာဉ်အား ရပ်တန့်စစ်ဆေးရှာဖွေရာ ယာဉ်ပေါ်မှ ဘိန်းစိမ်း အလေးချိန် ၂၈ ကီလို(ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ်သိန်း ၄၂၀)နှင့် လက်ကိုင်ဖုန်း ၃ လုံးတို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့သည်။

ထို့ကြောင့် မိုးသူရ(၃၄)နှစ်၊ ပြည့်စုံအောင်(၂၉)နှစ် နှင့် ဇင်မင်းထွန်း(၂၄)နှစ်တို့အား စစ်ကိုင်းမြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့် အရေးယူထားရှိပြီး ကွင်းဆက်များ ဖော်ထုတ်လျက်ရှိကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *