October 18, 2024

၂၁. ၆. ၂၀၂၄
Written by Nay Moe

ဒီနေ့ နံနက်ပိုင်းမှာ ရှမ်းပြည်နယ်၊ မိုးမိတ်မြို့၊ မြစ်ဆုံကျေးရွာအတွင်း နယ်မြေကျူးကျော်ဝင်ရောက်တပ်စွဲလာတဲ့ TNLA အကြမ်းဖက် သောင်းကျန်းသူတွေကို ဒေသခံတိုင်းရင်းသားတွေက ဆန္ဒပြပြီး မောင်းထုတ်ခဲ့ကြပါတယ်။

လူအင်အား ရာနဲ့ချီတဲ့ မြစ်ဆုံကျေးရွာပြည်သူတွေဟာ TNLA ကို ဒီနေ့မနက်က ဆန္ဒပြရာမှာ “TNLA အလိုမရှိ၊ အလိုမရှိ”၊ “မြစ်ဆုံရွာက အလံတွေ ဖြုတ်ချပေး၊ ဖြုတ်ချပေး”၊ “မြစ်ဆုံရွာက အလံတွေ ချက်ခြင်းဖြုတ်၊ ချက်ခြင်းဖြုတ်”ဆိုတဲ့ ကြွေးကြော်သံတွေအပြင် “လက်နက်အားကိုးပြီး ပြည်သူလူထုအုပ်ချုပ်နေတဲ့ TNLA” အလိုမရှိ”၊ “TNLA ရဲ့အခွန်ကောက်မှုပုံစံ အလိုမရှိ”၊ “ပြည်သူလူထုအပေါ် အာဏာရှင်ဆန်ဆန်ဆက်ဆံသော TNLA ဒီနယ်မြေက ချက်ခြင်းထွက်” ဆိုတဲ့ ဘန်နာစာတန်းတွေ ကိုင်ဆောင် ဆန္ဒဖော်ထုတ်ခဲ့ကြတာပါ။

၁၀၂၇ စစ်ဆင်ရေးအပြီး သိမ်းယူထားတဲ့မြို့ခုနစ်မြို့ခြေကုပ်မြဲဖို့ TNLA ဟာ စစ်သားလိုအပ်ချက်နဲ့ ငွေကြေးလိုအပ်ချက်မြင့်တက်နေတာကြောင့် အတင်းအဓမ္မစစ်သားစုဆောင်းနေသလို ဆက်ကြေးအဆမတန်တောင်းခံတာတွေကြောင့်လည်း ရှမ်းပြည်သူအများစုက မနှစ်လိုကြတဲ့အပြင် ကချင်လက်နက်ကိုင်အဖွဲ့အစည်း KIA ၊ ရှမ်းလက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ပါ နယ်မြေလု စစ်ရေးတင်းမာနေတာပါ။

Leave a Reply

Your email address will not be published. Required fields are marked *