October 31, 2024

တောပုကျေးရွာကို PDF ပူးပေါင်းအဖွဲ့များ ပစ်ခတ်တိုက်ခိုက်နေစဥ်

MT News

Written by Nay Moe

ပျုရွာဟုဆိုကာ PDF များ မကြာခဏတိုက်ခိုက်သည့် ချောင်းဦးမြို့နယ်၊ တောပုကျေးရွာရှိ ဘုရားကြီးဘုန်းတော်ကြီးကျောင်းအား Drone အသုံးပြု၍ Drop Bomb ၂ လုံး ပစ်ချဖောက်ခွဲမှုကြောင့် ဒေသခံပြည်သူ အမျိုးသမီး ၁၀ ဦး ဗုံးစထိမှန် ဒဏ်ရာများရရှိခဲ့သည်။

ဖြစ်စဥ်မှာ ဒီဇင်ဘာ ၂၃ ရက်နေ့ ညနေ ၄ နာရီ ၁၅ မိနစ်ခန့်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ချောင်းဦးမြို့နယ်၊ တောပုကျေးရွာရှိ ဘုရားကြီးဘုန်းတော်ကြီးကျောင်းသို့ PDF များက Drone ဖြင့် Drop Bomb ၂ လုံးအား ပစ်ချဖောက်ခွဲတိုက်ခိုက်ခဲ့သဖြင့် အဆိုပါဘုန်းကြီးကျောင်းဝင်းအတွင်းသို့ ကျရောက်ပေါက်ကွဲခဲ့ပြီး ပေါက်ကွဲမှုကြောင့် သန့်ရှင်းရေးဆောင်ရွက်နေသည့် အသက် ၈ နှစ်အရွယ် ကလေးငယ်တစ်ဦးအပါအဝင် အပြစ်မဲ့ဒေသခံပြည်သူ အမျိုးသမီး ၁၀ ဦး ဗုံးစထိမှန် ဒဏ်ရာများရရှိခဲ့ကြောင်းနှင့် ဒဏ်ရာရရှိသူများအား လုံခြုံရေးတပ်ဖွဲ့ဝင်များက ချောင်းဦးမြို့၊ ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ဆေးကုသမှုခံယူလျက်ရှိသည်ဟု သိရသည်။

တောပုကျေးရွာကို PDF များက ပျုရွာဟုဆိုကာ မကြာခဏတိုက်ခိုက်နေပြီး ဒီဇင်ဘာ ၂၂ ရက်ကလည်း People’s Defence Force – South Monywa နဲ့အတူ Spring Dove, Garuda King Monywa, Soldiers Dog Killer Hunters တို့က တောပုကျေးရွာကို သွားရောက်ပစ်ခတ်ရာ လခရခုနစ်ဦး ဒဏ်ရာရရှိပြီး PDF များလည်း နှစ်ဦးထိခိုက်ခဲ့ကြောင်း People’s Defence Force – South Monywa က ပြောသည်။

Leave a Reply

Your email address will not be published. Required fields are marked *