October 18, 2024

MT News
၂၁. ၆. ၂၀၂၄

ပြင်ပမှအရည်အချင်းရှိကစားသမားများ ရရှိရန်နှင့် လူငယ်များအခွင့်အလမ်းအတွက် မြန်မာ့လက်ရွေးစင် ယူ-၁၂ ကစားသမား ရွေးချယ်ပွဲများကို ဇူလိုင်လအတွင်း ကျင်းပမည်ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်အနေဖြင့် မြန်မာ့လက်ရွေးစင် ယူ-၁၂ အသင်းဖွဲ့စည်း၍ နိုင်ငံတကာ လူငယ် ဖိတ်ခေါ်ပြိုင်ပွဲများ၊ လူငယ်ဘောလုံး ပွဲတော်များသို့ စေလွှတ်ယှဉ်ပြိုင်မည် ဖြစ်သည်။ လက်ရှိတွင် မြန်မာဘောလုံး အကယ်ဒမီများအတွက် FIFA-MFF TDS Scouting Tour ဖြင့်ရွေးချယ်ထားသော ယူ-၁၂ ကစားသမားများ အသင့်ရှိနေပြီး ဖြစ်သော်လည်း ပြင်ပမှ အရည်အချင်းရှိ ကစားသမားများ ဆက်လက် ရရှိစေရန် အတွက်လည်းကောင်း၊ လူငယ်များအတွက် အခွင့်အလမ်းများ ထပ်မံ ပေါ်ပေါက်လာစေရန် အတွက်လည်းကောင်း ကစားသမား ရွေးချယ်ပွဲများ ဆက်လက်ကျင်းပခြင်း ဖြစ်သည်။

ကစားသမား ရွေးချယ်ရေး အစီအစဉ်များသို့ ၂၀၁၂ ခုနှစ်နှင့် ၂၀၁၃ ခုနှစ်အတွင်း မွေးဖွားသူများ လာရောက်ရွေးချယ်ခြင်း ခံယူနိုင်မည် ဖြစ်ပြီး မြန်မာ ဘောလုံးအကယ်ဒမီ(မန္တလေး)နှင့် အမျိုးသား ဘောလုံး အကယ်ဒမီ(ရန်ကုန်)တို့တွင် ဇွန်လ ၂၁ ရက်မှ စတင်ကာ ကျောင်းထောက်ခံစာ၊ အိမ်ထောင်စုစာရင်းနှင့် မွေးစာရင်းနှင့်တကွ လာရောက် စာရင်းပေးသွင်းနိုင်မည် ဖြစ်သည်။

အသက်မှန်ကန်မှုအတွက် စနစ်တကျစစ်ဆေးသွားမည်ဖြစ်ပြီး မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ဆေးအဖွဲ့၏ စစ်ဆေးအတည်ပြုချက်ဖြင့်သာ ဆုံးဖြတ်မည်ဖြစ်သည်။ကစားသမား ရွေးချယ်ပွဲများကို မြန်မာ ဘောလုံးအကယ်ဒမီ (မန္တလေး) တွင် ဇူလိုင်လ ၁၂၊ ၁၃၊ ၁၄ ရက်နှင့် အမျိုးသား ဘောလုံး အကယ်ဒမီ(ရန်ကုန်) တွင်ဇူလိုင်လ ၆၊ ၇၊ ၈ ရက် များ၌ ကျင်းပမည်ဖြစ်ကာ အသေးစိတ်သိလိုသည်များကို ဖုန်း- 09769900600 သို့ ဆက်သွယ်နိုင်မည်ဖြစ်ပြီး လျှောက်လွှာကိုလည်း အောက်ပါလင့်ခ်တွင် Download ရယူနိုင်မည်ဖြစ်သည်။

Form Download Link –

https://www.mediafire.com/file/wypnvtelvf5que6/U12+Form.pdf/file

ဆက်သွယ်ရန် ဖုန်း- 09769900600
Email- [email protected]

Leave a Reply

Your email address will not be published. Required fields are marked *