၂၁ – ၆ – ၂၀၂၄
Written by MMAK
◾ယူကရိန်း Vs ဆလိုဗက်ကီးယား
ရိုမေးနီးယားအသင်းကို ဂိုးပြတ်ရှုံးနိမ့်ထားတဲ့ ယူကရိန်းအသင်း နောက်ပွဲကလည်း ဘယ်လ်ဂျီယံနဲ့ ကန်ရမှာကြောင့် ဒီပွဲမနိုင်ရင် အုပ်စုကနေထွက်ရဖို့ များနေပြီး သရေဆိုရင်တောင် အခြေအနေမကောင်းပါဘူး။ ဘယ်လ်ဂျီယံအသင်းကို အနိုင်ကန်ခဲ့တဲ့ ဆလိုဗက်ကီးယားအသင်း ဒီပွဲသရေကျရင်တောင် အခြေအနေကောင်းတစ်ခု ပိုင်ဆိုင်မှာဖြစ်ပြီး အနိုင်ရခဲ့ရင် ၁၆ သင်းအဆင့်ကို တက်သွားမှာပါ။ ယူကရိန်းအသင်းက ကမ္ဘာ့အဆင့်ပိုမြင့်ပြီး ကစားသမားကောင်းတွေ ပိုင်ဆိုင်ထားတာကြောင့် ဘော်ဒီကြေး ပြားငါးဆယ်အရှုံးပေးထားပြီး ဂိုးပေါင်းကြေး နှစ်လုံးခြောက်ဆယ်အရှုံးပေါက်နေပါတယ်။ နိုင်မှအခြေအနေကောင်းမဲ့ ယူကရိန်းအသင်းအနေနဲ့ ဘော်ဒီကြေးပျော့နေတာ တွေ့ရတာကြောင့် ဂိုးရနိုင်သလို ဂိုးလည်းပြန်ပေးရနိုင်ပါတယ်။ ဘယ်လ်ဂျီယံလို အသင်းကိုတောင် ယှဥ်ကစားနိုင်ခဲ့သလို အနိုင်ရခဲ့တဲ့ ဆလိုဗက်ကီးယားအသင်း ယုံကြည်မှု မြင့်မားနေနိုင်ပြီး ယူကရိန်းအသင်းကိုလည်း အနိုင်ရအောင် ယှဥ်ကစားလာဖို့ များပါတယ်။ တိုက်စစ်အသားပေးကစားသလို နိုင်ပွဲရရေးသာ အဓိကထားယှဥ်ပြိုင်လာမဲ့ယူကရိန်းအသင်း ဂိုးရမှာ ဖြစ်သလို ခံစစ်ပြဲတဲ့ ယူကရိန်းခံစစ်ကြောင့် ဆလိုဗက်ကီးယား အသင်းလည်း ဂိုးရနိုင်ပါတယ်။ တစ်ဖက်တစ်ဂိုးစီကနေ စကြည့်ရမှာဖြစ်သလို အနိမ့်ဆုံး နှစ်ဂိုးလောက်ကနေ စကြည့်ရမှာ ဖြစ်တာကြောင့် ဂိုးပေါ်တစ်မျိုးတည်းကို ရွေးချယ်ပေးလိုက်ပါတယ်။
◾ပိုလန် Vs သြစတီးယား
ပိုလန်က နယ်သာလန်ကို ကပ်ရှုံးခဲ့သလို သြစတီးယားကလည်း ပြင်သစ်ကို ကပ်ရှုံးခဲ့ပါတယ်။ နှစ်သင်းလုံး ရှုံးပွဲကိုယ်စီ တွေ့ထားတာကြောင့် နောက်တစ်ဆင့်တက်ချင်တယ်ဆို နှစ်သင်းလုံး အနိုင်သုံးမှတ် လိုအပ်ပါတယ်။ နယ်သာလန်နဲ့ပွဲမှာ ပိုလန်အသင်းရဲ့ ကစားပုံကောင်းခဲ့တာ တွေ့ရသလို တိုက်စစ်အသားပေးတဲ့ ပုံစံမျိုးလည်း တွေ့ရပါတယ်။ သြစတီးယားအသင်းကလည်း ပြင်သစ်လိုအသင်းကို ဘောလုံးအသာစီးနဲ့ တိုက်စစ်ဆင်ကစားခဲ့တာတွေ့ရပါတယ်။ ဒီပွဲမှာ နှစ်သင်းလုံးက အနိုင်သုံးမှတ်အတွက်သာ ဦးတည်ကစားရမှာဖြစ်တာကြောင့် အပြန်အလှန်သွင်းဂိုးတွေ မြင်ရနိုင်တဲ့ပွဲပါ။ ထူးခြားချက်ကတော့ ထိပ်တိုက်တွေ့ဆုံမှုတွေမှာ သြစတီးယားအသင်း မနိုင်ဖူးသလို ကမ္ဘာ့အဆင့်နဲ့ကစားသမားအရည်အသွေး သိပ်မကွာဘဲ သြစတီးယားအသင်းက ပိုလန်အသင်းကို ပြားရှစ်ဆယ်အရှုံးထိ ပေးထားပြီး ဂိုးပေါင်းကြေး နှစ်လုံးခြာက်ဆယ်အရှုံးဖြစ်ပါတယ်။ ဒီလိုကြေးမျိုးပေါက်ရင် သြစတီးယားအသင်း နိုင်သွားနိုင်တယ်လို့ ယူဆလို့ရပြီး သေချာပေါက် ဂိုးရနိုင်ပါတယ်။ ပိုလန်အသင်းကလည်း နောက်ပွဲက ပြင်သစ်နဲ့ကန်ရမှာ ဖြစ်တာကြောင့် ဒီပွဲအနိုင်ရထားမှ နောက်တစ်ဆင့်တက်ဖို့ မျှောလင့်ချက်ရှိမှာဖြစ်တဲ့အတွက် အနိုင်ရဖို့ တိုက်စစ်ဖွင့်ကစားရမှာပါ။ နှစ်သင်းလုံးက တိုက်စစ်အားသန်အသင်းတွေ ဖြစ်သလို အနိုင်ရဖို့ ဦးတည်ကစားကြမဲ့ပွဲမှာ သွင်းဂိုးတွေ သေချာပေါက်မြင်ရဖို့ရှိပါတယ်။ အပြန်အလှန်သွင်းဂိုးတွေ မြင်ရဖို့ ရှိတာကြောင့် ဂိုးပေါ် တစ်ကြောင်းတည်းကိုပဲ ရွေးချယ်သင့်ပါတယ်။
◾ပြင်သစ် Vs နယ်သာလန်
နှစ်သင်းလုံး နိုင်ပွဲကိုယ်စီရထားပြီး အသင်းကြီးအချင်းချင်း ဖြစ်တာကြောင့် ထိန်းကစားကြမဲ့ပွဲပါ။ ဒီနှစ်သင်းသာ ၁၆ သင်းအဆင့်ကို တက်နိုင်ခြေများပြီး အုပ်စုပထမနေရာလုရမဲ့ နှစ်သင်းလို့ ယူဆထားပါတယ်။ ဒီပွဲမှာ ပြင်သစ်အသင်းက ပြားလေးဆယ်အရှုံးပေးထားပြီး ဂိုးပေါင်းကြေး နှစ်လုံးခုနှစ်ဆယ်အရှုံး ဖြစ်ပါတယ်။ ထိပ်တိုက်တွေ့ဆုံမှုတွေမှာ ပြင်သစ်အသင်းက အသာရထားသလို ပြင်သစ်အသင်းရဲ့ ခံစစ်က တည်ငြိမ်မှုအားကောင်းတဲ့ အသင်းဖြစ်ပြီး တစ်ဂိုးရပြီဆိုတာနဲ့ ပြိုင်ဘက်အသင်းကို ဘောလုံးပေးထားပြီး တန်ပြန်တိုက်စစ်နဲ့သာ တုံ့ပြန်တတ်တဲ့အသင်းမျိုး ဖြစ်ပါတယ်။ နယ်သာလန်အသင်းရဲ့ ဦးစားပေးတိုက်စစ်မှူး သုံးယောက်ဖြစ်တဲ့ ဒီပေး၊ ဂတ်ပိုနဲ့ ဇာဘီဆိုင်မွန်တို့က တစ်ဆင့်နိမ့်တဲ့ ကစားသမားတွေ ဖြစ်တာကြောင့် ပြင်သစ်ခံစစ်ကို ဂိုးရဖို့ မလွယ်ပါဘူး။ ပြင်သစ်အသင်းကသာ ကပ်နိုင်သွားနိုင်ပြီး အနိုင်ဂိုးတစ်ဂိုးရဖို့လည်း ဂိုးရနောက်ကျနိုင်ပါတယ်။ စိတ်ကြိုက်အဖြစ်ဆုံး ရွေးချယ်မှုကတော့ ဂိုးအောက် ဖြစ်ပါတယ်။ အသင်းကြီးအချင်းချင်း ထိန်းကစားကြမှာ ဖြစ်သလို အနိုင်ရဖို့ အရေးကြီးနေတဲ့ပွဲလည်း မဟုတ်ပါဘူး။ သွင်းဂိုး သုံးဂိုးလောက်ထိ မြင်ရဖို့ မဖြစ်နိုင်ဘဲ အလွန်ဆုံးနှစ်ဂိုးလောက်သာ ဖြစ်နိုင်တာကြောင့် ဂိုးအောက်ရွေးချယ်သင့်ပါတယ်။