October 18, 2024

၂၁. ၆. ၂၀၂၄
Written by Nay Moe

လက်အောက်ဝန်ထမ်းအမျိုးသမီးကို လိင်ပိုင်းဆိုင်ရာကျုးလွန်စော်ကားတဲ့ NLD အစိုးရဟောင်းလက်ထက်က ချင်း ပြည်နယ် စည်ပင်နဲ့စက်မှုဝန်ကြီးဟောင်းဖြစ်ပြီး လက်ရှိ NUG အိန္ဒိယကိုယ်စားလှယ် ဆလိုင်းအိုင်ဇက်ခင်ကို NUG ရဲ့ PSHEA မူဝါဒအရ အမြန်ဆုံးအရေးယူဆောင်ရွက်ပေးဖို့နဲ့ ပြည်သူကိုပြန်ပြီး အစီရင်ခံပေးဖို့ အမျိုးသမီးမဟာမိတ်အဖွဲ့- မြန်မာ(WAC- M) က တောင်းဆိုချက် ထုတ်ပြန်လာပါတယ်။

NUG နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ အိန္ဒိယနိုင်ငံ မြန်မာကိုယ်စားလှယ်ရုံးရဲ့ ကိုယ်စားလှယ် ဆလိုင်းအိုက်ဇက်ခင်ဟာ လက် အောက် ဝန်ထမ်းအတွင်းရေးမှူး အမျိုးသမီးကို လိင်ပိုင်းဆိုင်ရာထိပါးစော်ကားမှုအတွက် တရားမျှတမှုရရှိဖို့ ထိရောက်တဲ့ အရေးယူဆောင်ရွက်မှုကို ပွင့်လင်းမြင်သာမှုရှိစွာနဲ့ အမြန်ဆုံးဆောင်ရွက်ပေးဖို့လည်း WAC က တောင်းဆိုပါတယ်။

ကျူးလွန်သူ ဆလိုင်းအိုက်ဇက်ခင်ဟာ အရင်ကတည်းက အိမ်တွင်းအကြမ်းဖက်မှု၊ လိင်ပိုင်းဆိုင်ရာ ထိပါးစော်ကားမှုတွေ ကျူးလွန်ခဲ့တဲ့ ရာဇဝင်ရှိသူဖြစ်ပေမဲ့ ပြစ်ဒဏ်စီရင်ခြင်းက ကင်းလွတ်ခွင့်ရနေသူတစ်ဦးဖြစ်သလို အိန္ဒိယနိုင်ငံ မြန်မာကိုယ် စားလှယ်ရုံးကို တာဝန်ခံထားတဲ့ ဦးဆောင်သူဖြစ်တာကြောင့် လုပ်ပိုင်ခွင့်အခွင့်အာဏာကို မလျော်သြဇာသုံးပြီး ကျုးလွန်ခံရသူကို အလုပ်က ထုတ်ပယ်မှုကိုလည်း ဆက်လက်ကျုးလွန်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။

ဒါကြောင့် လိင်ပိုင်းဆိုင်ရာ ထိပါးစော်ကားမှု လုံးဝလက်သင့်မခံရေးမူကိုင်စွဲပြီး အာဏာရှင်တိုက်ဖျက်ရေးနဲ့ ဖိုဝါဒကြီးစိုးမှု အဆုံးသတ်ရေးကို တစိုက်မတ်မတ်လုပ်ဆောင်နေတဲ့ အမျိုးသမီးအင်အားစုအနေနဲ့ လိင်ပိုင်းဆိုင်ရာကျုးလွန်တဲ့ ဆလိုင်းအိုင်ဇက်ခင်ကို NUG – PSHEA မူဝါဒအရ ထိရောက်စွာ အရေးယူအပြစ်ပေးဖို့၊ အမှုကိစ္စကို စိစစ်ကြားနာ အရေးယူမှု အမြန်ဆုံးဆောင်ရွက်ပေးဖို့၊ နစ်နာသူကို လိုအပ်တဲ့ကုစားမှုများ ဆောင်ရွက်ပေးဖို့ အဆိုပါအမှုကိစ္စဆောင်ရွက်မှုနဲ့ ဆုံးဖြတ်ကိုင်တွယ်မှုကို အများပြည်သူကို အသိပေး ထုတ်ပြန်ပေးဖို့လည်းအမျိုးသမီးမဟာမိတ်အဖွဲ့ – မြန်မာ(WAC-M)က တောင်းဆိုထားပါတယ်။

ဆလိုင်းအိုင်ဇက်ခင်ရဲ့ လက်အောက်ဝန်ထမ်းအမျိုးသမီးကို လိင်ပိုင်းဆိုင်ရာကျုးလွန်မှုကို NUG က ကျုးခံရသူရဲ့တိုင်ကြားချက်အရ သိရှိထားပြီးဖြစ်ပေမဲ့ နှုတ်နဲ့သတိပေးတာပဲလုပ်ပြီး ဖုံးကွယ်ထားချိန်မှာ ကျုးလွန်ခံရသူအမျိုးသမီးကို NUG က အလုပ်ပါဆက်ထုတ်တာကြောင့် လူမှုကွန်ရက်မှာ ပျံ့နှံ့လာပြီး India For Myanmar ဦးဆောင်သူ ဆလိုင်းဒိုခါရ်က ဆလိုင်းအိုင်ဇက်ခင်ရဲ့ကျုးလွန်မှုဖော်ထုတ်ခဲ့သလို လုပ်ဖော်ကိုင်ဘက် ခွန်ဂျာကလည်း ဆလိုင်းအိုင်ဇက်ခင်ဟာ ကချင်ပြည်နယ်နဲ့ CSO လောကမှာလည်း လိင်ပိုင်းဆိုင်ရာကျုးလွန်သူဖြစ်တယ်လို့ ဖော်ထုတ်ခဲ့ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *