October 18, 2024

ဓာတ်ပုံ - ထုံးဘိုအရေးပေါ်ရှာဖွေကယ်ဆယ်ရေးအရန်မီးသတ်တပ်ဖွဲ့

၂၁.၆.၂၀၂၄
Written by TZ

စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့၊ ဝါးချက်ကျေးရွာရှိ လမ်းမတွင် ရေသန့်ကားတစ်စီးဘရိတ်ပေါက်၍ ထိုကျေးရွာရှိ နေအိမ်ခြံဝန်းအတွင်းထဲသို့ ရောက်ရှိပြီး ခြံဝန်းထဲ၌ စိုက်ပျိုးထားသည့် သရက်ပင်ကိုတိုက်မိရာက ယာဥ်မောင်းအမျိုးသားတစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ထိုဖြစ်စဥ်မှာ ယမန်နေ့ ဇွန်လ ၂၀ ရက်နေ့က ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ရေသန့်ကားတစ်စီး ဘရိတ်ပေါက်၍ သစ်ပင်အားတိုက်မိရာ ယာဥ်ထဲတွင် အမျိုးသားတစ်ဦး ညပ်နေကြောင်း သတင်းရရှိသောကြောင့် မြို့နယ်မီးသတ်တပ်ဖွဲ့၊ စိန်ကုန်းအရန်မီးသတ်တပ်ဖွဲ့၊ အရေးပေါ်ရှာဖွေကယ်ဆယ်ရေးအဖွဲ့ စစ်ကိုင်း (S.E.R.T)၊ သဟာယကျန်းမာရေးနှင့်လူမှုကူညီရေးအသင်းတို့နှင့်အတူ ထုံးဘိုအရေးပေါ်ရှာဖွေကယ်ဆယ်ရေးအရန်မီးသတ်တပ်ဖွဲ့တို့ ပူးပေါင်း၍ ယာဥ်ထဲ၌ ညပ်နေသည့် အမျိုးသားကြီးကို ကယ်ထုတ်နိုင်ခဲ့ကြောင်း သိရသည်။

“ကုန်းအဆင်းမှာ ဘရိတ်ပေါက်ပြီးတော့ ခြံဝန်းထဲ ကားကရောက်ပြီး သစ်ပင်ကိုတိုက်မိတာ။ ခြေသလုံးကွဲတယ်။ ဆေးရုံမှာ ချုပ်တယ်၊ ဓာတ်မှန်ရိုက်ပြီးတော့ အိမ်ကိုပြန်ပို့ပေးလိုက်တယ်။ ယာဥ်ရဲ့ခေါင်းပိုင်းကတော့ ပျက်စီးသွားတယ်” ဟု ထုံးဘိုအရေးပေါ်ရှာဖွေကယ်ဆယ်ရေးအရန်မီးသတ်တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက MT News သို့ဖြေကြားသည်။

ရေသန့်မောင်းသည့် အမျိုးသားကြီးမှာ အသက် ၆၅ နှစ်အရွယ်ရှိပြီး စစ်ကိုင်းမြို့၊ ပါရမီရပ်ကွက်တွင် နေထိုင်သူဖြစ်ကြောင်း သိရသည်။

ဓာတ်ပုံ – ထုံးဘိုအရေးပေါ်ရှာဖွေကယ်ဆယ်ရေးအရန်မီးသတ်တပ်ဖွဲ့

Leave a Reply

Your email address will not be published. Required fields are marked *