October 18, 2024

MT News
၂၁. ၆. ၂၀၂၄

မြန်မာ့လက်ရွေးစင် ယူ-၁၆ အသင်းဟာ အာဆီယံ ယူ-၁၆ ပြိုင်ပွဲဝင်ဖို့အတွက် ဇွန်လ ၁၉ ရက် ည‌နေပိုင်းက ထိုင်းနိုင်ငံကတစ်ဆင့် အင်ဒိုနီးရှားနိုင်ငံဆီ ထွက်ခွာသွားပြီး မြန်မာ့လက်ရွေးစင်လူငယ်တွေကို MAI လေကြောင်းလိုင်းနဲ့ ခရီးသွားတွေက ဂုဏ်ပြုပေးခဲ့ကြပါတယ်။

၂၀၂၄ အာဆီယံ ယူ-၁၆ ပြိုင်ပွဲကို အင်ဒိုနီးရှားနိုင်ငံ ဆူရာကာတာမြို့မှာ ဇွန်လ ၂၁ ရက်ကနေ ဇူလိုင်လ ၄ ရက်ထိ ကျင်းပပြုလုပ်မှာဖြစ်ပြီး အုပ်စုသုံးစုခွဲထားသလို အုပ်စုတစ်ခုစီကအုပ်စု ပထမရတဲ့ အသင်းသုံးသင်းနဲ့ အကောင်းဆုံး အုပ်စု ဒုတိယရတဲ့ အသင်းတစ်သင်း၊ စုစုပေါင်း အသင်းလေးသင်း ဆီမီးအဆင့် တက်ရောက်နိုင်မှာပါ။

အုပ်စု (B) က မြန်မာယူ-၁၆ အသင်းဟာ မနက်ဖြန် ဇွန်လ ၂၂ ရက် မြန်မာစံတော်ချိန် ည ၇ နာရီမှာ ကမ္ဘောဒီးယား၊ ဇွန်လ ၂၅ ရက် နေ့လယ် ၂ နာရီခွဲမှာ ဘရူနိုင်း၊ ဇွန်လ ၂၈ ရက် နေ့လယ် ၂ နာရီခွဲမှာ ဗီယက်နမ် အသင်းတို့နဲ့ ယှဥ်ပြိုင်ကစားရမှာပါ။

မြန်မာ့လက်ရွေးစင် ယူ-၁၆ အသင်းကို ပြီးခဲ့တဲ့နှစ် FIFA – MFF U-15 အထက်/ အောက် မြန်မာပြည် လိဂ်ပြိုင်ပွဲမှာ ခြေစွမ်းပြခဲ့တဲ့ ကစားသမားတွေ၊ အကယ်ဒမီတွေက ကစားသမားတွေနဲ့ ဖွဲ့စည်းထားတာဖြစ်ပြီး အသင်းအုပ်ချုပ်သူအဖြစ် ဦးစိုးမြတ်မင်း၊ နည်းပြချုပ်အဖြစ် ဂျပန်လူမျိုး မစ္စတာ မီတ မီချီတာရူက တာဝန်ယူလျက်ရှိပါတယ်။

မြန်မာ့လက်ရွေးစင် ယူ-၁၆ အသင်း အုပ်ချုပ်/နည်းပြ စာရင်း

အုပ်ချုပ်သူ- ဦးစိုးမြတ်မင်း
နည်းပြချုပ်- Mr. Mita Michiteru
လက်ထောက်နည်းပြ- ဦးအောင်ဇော်မျိုး၊ ဦးမြတ်မင်းသူ
ဂိုးနည်းပြ- ဦးမြကိုမင်း
ဆရာဝန်- ဒေါက်တာ ကျော်သန့်ဇင်
မီဒီယာ- ဦးဝင်းကိုကို
အကြောကျွမ်းကျင်- ဦးအောင်အောင်

အာဆီယံ ယူ-၁၆ ပြိုင်ပွဲဝင် မြန်မာ့လက်ရွေးစင် ယူ-၁၆ အသင်း ကစားသမားစာရင်း

ဂိုး- ထက်ဝေယံဇော် (မန္တလေး အကယ်ဒမီ/ Nay Pyi Taw U-17 FC)၊ ရှိုင်းထက်ကျော် (Yarmanya U-15 FC)၊ ထက်ဝေယံ (Yangon Focus U-15 FC/ ISPE YGN)။

နောက်တန်း- အောင်သီဟ (Rakhine United U-17 FC)၊ မြတ်မင်းကျော်၊ စိုင်းမောဝ်ဟန်၊ မျိုးခန့်ကျော် (မန္တလေး အကယ်ဒမီ)၊ အောင်သော်ခန့် (မန္တလေး အကယ်ဒမီ/ Nay Pyi Taw U-17 FC)၊ သီဟအောင် (Soccer Care U-15 FC/ I.S.P.E MDY)၊ ကောင်းခန့်သူ (Sagaing United U-15 FC)၊ ဉာဏ်အောင် (Shan U-17 FC)။

အလယ်တန်း- သော်ဇင်ကို (ရန်ကုန် အကယ်ဒမီ/ Su Latt Myint Mo U-17 FC)၊ ကျော်သီဟ၊ ဘေလားဖုန်ရမ်၊ ကျော်ညီညီ (မန္တလေး အကယ်ဒမီ)၊ စိုင်းစွမ်ဆိုင်၊ ခွန်မောင်လုံး၊ ခွန်အောင်ဆန်း (Shan U-17 FC)၊ စွမ်းဇာနည် (Rakhine United U-17 FC)၊ သူရမင်းသန့် (ရန်ကုန် အကယ်ဒမီ/ Nay Pyi Taw U-17 FC)။

ရှေ့တန်း- ခန့်ဝင်းအောင် (မန္တလေး အကယ်ဒမီ)၊ မျိုးနန္ဒအောင် (မန္တလေး အကယ်ဒမီ/ Nay Pyi Taw U-17 FC)၊ ညီညီသန့် (Rakhine United U-17 FC)။

Leave a Reply

Your email address will not be published. Required fields are marked *