October 18, 2024

၂၀ . ၆ .၂၀၂၄
Written by MMAK

◾ဆလိုဗေးနီးယား Vs ဆားဘီးယား

အင်္ဂလန်အသင်းကို ရှုံးနိမ့်ထားတဲ့ ဆားဘီးယားအသင်း တစ်မှတ်မှ မရသေးပေမဲ့ ဒိန်းမတ်ကို သရေကစားနိုင်ခဲ့တဲ့ ဆလိုဗေးနီးယားအသင်းက တစ်မှတ်ရထားပါတယ်။ ဆားဘီးယားအသင်းအနေနဲ့ နောက်ပွဲမှာ ဒိန်းမတ်အသင်းနဲ့ကန်ရမှာဖြစ်ပြီး တစ်မှတ်မှမရသေးတဲ့ အခြေအနေကြောင့် ဒီပွဲနိုင်မှ အခြေအနေကောင်းမှာ ဖြစ်သလို ဆလိုဗေးနီးယားအသင်းကလည်း နောက်ပွဲမှာ အင်္ဂလန်အသင်းနဲ့ ကန်ရမှာ ဖြစ်တာကြောင့် ဒီပွဲနိုင်မှ နောက်တစ်ဆင့်တက်ဖို့ မျှော်လင့်ချက်ရှိမှာ ဖြစ်ပါတယ်။ ဆားဘီးယားအသင်းက ကမ္ဘာ့အဆင့်နဲ့ အရည်အသွေးမြင့်ကစား သမားတွေ ပိုင်ဆိုင်ထားသလို ဆလိုဗေးနီးယားအသင်းကလည်း အသင်းလိုက်ကစားပုံကောင်းတဲ့ အသင်းဖြစ်နေပါတယ်။ ဒီပွဲမှာ ဆားဘီးယားအသင်းက ဘော်ဒီကြေးတစ်လုံးခြောက်ဆယ်စားပေးထားပြီး ဂိုးပေါင်းကြေး နှစ်လုံးကိုးဆယ်အရှုံး ပေါက်နေပါတယ်။ ဆားဘီးယားအသင်းရော စလိုဗေးနီးယားအသင်းရော နိုင်ပွဲရမှ အခြေအနေကောင်းတစ်ရပ်ပိုင်ဆိုင်မှာ ဖြစ်တာကြောင့် နှစ်သင်းလုံးအနိုင်ရလဒ်ကို ဦးတည်ကစားကြမဲ့ပွဲဖြစ်ပါတယ်။ အနိုင်ရလဒ်ကို ဦးတည်ကစားကြမှာ ဖြစ်တာကြောင့် အပြန်အလှန်သွင်းဂိုးတွေ မြင်တွေ့ရနိုင်ပြီး တစ်ဖက်တစ်ဂိုးစီကနေ စကြည့်ရမယ် ထင်ပါတယ်။ နှစ်သင်းလုံး ဂိုးရမယ်လို့ ယူဆထားတဲ့အတွက် ဂိုးပေါ်တစ်မျိုးတည်းကို ရွေးချယ်ပေးလိုက်ပါတယ်။

◾ အင်္ဂလန် Vs ဒိန်းမတ်

ဆားဘီးယားအသင်းကို တစ်ဂိုးအသာနဲ့ ကပ်နိုင်ထားတဲ့ အင်္ဂလန်အသင်း သုံးမှတ်ရထားပေမဲ့ ဆလိုဗေးနီးယားကို သရေကျခဲ့တဲ့ ဒိန်းမတ်အသင်းက တစ်မှတ်ရထားပါတယ်။ အင်္ဂလန်အသင်းမှာ အရည်အသွေးမြင့်ကစားသမားတွေ အများကြီး ပိုင်ဆိုင်ထားပေမဲ့
အသင်းကြီးစတိုင်နဲ့ ကိုယ်ပိုင်ကစားဟန်ကောင်းတဲ့ ပုံစံမျိုး မတွေ့ထားရသလို နည်းပြဆောက်ဂိတ်ရဲ့ ကစား ကွက်နဲ့ ကစားသမားအခင်းအကျင်းတွေက အသားမကျသေးတဲ့ ပုံစံမျိုး တွေ့နေရပါတယ်။ ဒိန်းမတ်အသင်းက တစ်မှတ်သာရထားသလို ကစားသမားကောင်းတွေ ပိုင်ဆိုင်ထားတာကြာင့် အင်္ဂလန်အသင်းကို ဒုက္ခကောင်းကောင်းပေးနိုင်တဲ့ အသင်းမျိုး ဖြစ်ပါတယ်။ ဒီပွဲမှာ အင်္ဂလန်အသင်းက တစ်လုံးငါးဆယ်စားပေးထားပြီး ဂိုးပေါင်းကြေး နှစ်လုံးလေးဆယ်အရှုံး ပေါက်နေပါတယ်။ အင်္ဂလန်အသင်းရဲ့ ဘော်ဒီကြေးရဲရဲတင်းတင်းပေးထားတဲ့ ပေါက်ကြေးမဟုတ်သလို အမှတ်လိုနေတဲ့ ဒိန်းမတ်အသင်း ဂိုးရသွားမယ်ထင်ပါတယ်။ ဂိုးပေါင်းကြေးပျော့နေပေမဲ့ ဒိန်းမတ်အသင်း ဂိုးရမယ်ထင်သလို ကြေးကြောပေးထားတဲ့ အင်္ဂလန်အသင်းလည်း ဂိုးရမယ် ထင်တာကြောင့် တစ်ဖက်တစ်ဂိုးစီလောက် မြင်ရနိုင်တဲ့ပွဲပါ။ အောက်ကြေး ဒိန်းမတ်နဲ့ ဂိုးပေါ် တစ်ခုခု အောင်သွားနိုင်တယ်လို့ ယူဆထားပြီး နှစ်သင်းလုံး ဂိုးရမယ်ထင်တာကြောင့် ပြားလေးဆယ်ရင်းပြီး ဂိုးပေါ်တစ်ကြောင်းတည်းကိုပဲ ရွေးချယ်သင့်ပါတယ်။

◾စပိန် Vs အီတလီ

နှစ်သင်းလုံးနိုင်ပွဲရထားတာကြောင့် နောက်တစ်ဆင့်တက်ဖို့ အခြေအနေကောင်းနေပြီး မနေ့ညက ကစားခဲ့တဲ့ ခရိုအေးရှားနဲ့ အယ်လ်ဘေးနီးယားအသင်း သရေကျခဲ့တာကြောင့် အမှတ်ရရှိထားမှု အခြေအနေအရ နှစ်သင်းလုံး ဖိအားသိပ်မရှိပါဘူး။ လက်ရှိအခြေအနေအရ သူတို့နှစ်သင်းပဲ ၁၆ သင်းအဆင့်ကို တက်ဖို့ အခြေအနေကောင်းနေပြီး အုပ်စုပထမနေရာကို လုရမဲ့နှစ်သင်းလို့ ယူဆထားပါတယ်။ နှစ်သင်းလုံးထိန်းကစားကြမဲ့ အနေအထားဖြစ်သလို သရေရလဒ်ဟာ အကောင်းဆုံး အခြေအနေဖြစ်ပါတယ်။ ဒီပွဲမှာ စပိန်အသင်းက ပြားခြောက်ဆယ်အရှုံးပေးထားပြီး ဂိုးပေါင်းကြေး နှစ်လုံး သုံးဆယ်အရှုံးဖြစ်ပါတယ်။ အီတလီအသင်းရဲ့ အထောင်တိုက်စစ်မှာ အဆုံးသတ်သေချာပြီး ဂိုးသွင်းစိတ်ချရတဲ့ ကစားသမား မတွေ့ရတဲ့အချက်က အီတလီအသင်းရဲ့ သွင်းဂိုးတွေမြင်ရဖို့ စိတ်ပူစရာ ရှိပါတယ်။ ပြီးခဲ့တဲ့ အယ်လ်ဘေးနီးယားနဲ့ပွဲမှာဆို နောက်တန်းကစားသမားနဲ့ ကွင်းလယ်ကစားသမားက ဂိုးသွင်းယူသွင်းခဲ့တာ တွေ့ရပြီး အထောင်တိုက်စစ်မှူးတွေ အခွင့်အရေးတွေကို အသုံးမချနိုင်တာမျိုးတွေ့ရပါတယ်။ သရေရလဒ်သာ  နှစ်သင်းလုံးအတွက် အကောင်းဆုံး ဖြစ်သလို အသင်းကြီးအချင်းချင်း တွေ့ဆုံနေတာကြောင့် အမှားစောင့်ပြီး ထိန်းကစားကြဖို့များပါတယ်။ အမှတ်မလိုတဲ့အတွက် အရေးတကြီး ဖွင့်တိုက်စရာမလိုသလို ဒီဂိုးပေါင်းကြေးအရလည်း ဂိုးပေါင်းအောင်မဲ့ကြေးမဟုတ်ပါဘူး။ အလွန်ဆုံး နှစ်ဂိုးလောက်သာ ဖြစ်နိုင်တာကြောင့် ဂိုးအောက်ရွေးချယ်စေချင်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *