October 22, 2024

၂၀.၆.၂၀၂၄
Written By Thandar

အတ္တ၊ မာန်မာနတွေ အားပြိုင်ကြမယ့် အချစ်ဒရာမာဇာတ်လမ်းပုံစံ “အတ္တကမ်းပါး” ရုပ်ရှင်ဇာတ်ကားကြီး ကန်တော့ပွဲပေးအခမ်းအနားကို ယနေ့ ဇွန်လ ၂၀ ရက် နံနက်ပိုင်းက ရန်ကုန်မြို့ မင်္ဂလာတောင်ညွန့်မြို့နယ် ရွှေဘုန်းပွင့်ဘုရားမှာ ကျင်းပခဲ့ပါတယ်။

“မေလေးနဲ့ ဆရာဦးဟိန်းစိုးနဲ့က ရှေ့မှာ အတူတူရိုက်ခဲ့ဖူးတာတော့ မရှိပါဘူး။ ဒီရုပ်ရှင်ဇာတ်ကားမှာ ပထမဦးဆုံး ဆုံကြတာပါ။ မေရဲ့ကာရိုက်တာက အတ္တကြီးတဲ့ မိန်းကလေးတစ်ယောက်ပေါ့။ နောက် ကိုယ်က မကျေနပ်တဲ့သူတွေကို လက်စားချေတယ်။ ဒီဇာတ်ကောင်ကတော့ မေလေး လုပ်ဖူးထားတဲ့ ဇာတ်ကောင်တွေနဲ့တော့ မတူပါဘူး။ လက်စားချေတယ်။ အတ္တကြီးတယ်ဆိုပေမယ့်လည်း သူ့ရဲ့လက်စားချေမှုက ငြိမ်ငြိမ်လေးနဲ့ပေါ့။ ခပ်မိုက်မိုက်ဇာတ်ကောင်တစ်ခုဖြစ်မယ်လို့ ထင်ပါတယ်” လို့ အကယ်ဒမီ မေမြင့်မိုရ်က ပြောပါတယ်။

မြနန်းတော်ဝင်ရုပ်ရှင်ထုတ်လုပ်ရေးရဲ့ ဒီဇာတ်ကားကို ဇာတ်ညွှန်းညမွှေးပန်းနဲ့ ငွေစင်သွန်းတို့က ရေးသားထားပြီးတော့ ဒါရိုက်တာ ဟိန်းစိုးက အတ္တတွေ မာန်မာနတွေ အားပြိုင်ကြမယ့် အချစ်ဒရာမာဇာတ်လမ်းပုံစံအဖြစ် ယနေ့ ဇွန်လ ၂၀ ရက်မှာ စတင်ပြီး ရန်ကုန်မြို့မှာ ရိုက်ကူးတာလည်းဖြစ်ပါတယ်။

သရုပ်ဆောင်တွေ ဖြစ်တဲ့ ရှင်မွေလ၊ အကယ်ဒမီ မေမြင့်မိုရ်၊ ဝေလာရီ၊ ခိုင်နှင်းဝေ၊ သုန္ဒြေဦး၊ မင်းသူ၊ ဇော်ဝင်းနိုင်၊ ဝင်းမင်း သန်း၊ ကလေးသရုပ်ဆောင် သွန်းပြည့်သဒ္ဓါစံနဲ့ အနုပညာရှင်ပေါင်းများစွာပါ ဝင်ကြမှာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *