October 18, 2024

MT News
၂၀. ၅. ၂၀၂၄

ရုရှားသမ္မတ ဗလာဒီမီယာပူတင်သည် မြောက်ကိုရီးယားနိုင်ငံခရီးစဉ်အပြီးတွင် ဗီယက်နမ်နိုင်ငံသို့ State Visit သွားရောက်ခဲ့ကြောင်း သိရှိရပြီး သမ္မတပူတင်အနေဖြင့် ဗီယက်နမ်နိုင်ငံသို့ ၂၀၀၁ ၊ ၂၀၀၆၊ ၂၀၁၃ နှင့် ၂၀၁၇ တို့တွင် သွားရောက်ခဲ့ရာ ယခုခရီးစဉ်သည် ၅ ကြိမ်မြောက်ခရီးစဉ်ဖြစ်လာခဲ့သည်။

၂၀၂၄ ခုနှစ် ဇွန်လ ၁၉ ရက်နေ့ ‌ဒေသစံတော်ချိန် ည နှစ်နာရီအချိန်ခန့်တွင် ဟန်နွိုင်းမြို့တော် Noi Bai အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ပူတင် ရောက်ရှိခဲ့ရာ လေယာဉ်ချဉ်းကပ်လမ်းကို ကော်ဇောနီများခင်းထားပြီး ဂုဏ်ပြုတပ်ဖွဲ့ဖြင့် ကြိုဆိုခဲ့သည်ကို တွေ့ရှိရပြီး လေဆိပ်တွင် သမ္မတပူတင်အား ဒုတိယဝန်ကြီးချုပ်၊ ဗီယက်နမ်-ရုရှား ကုန်သွယ်ရေး၊ စီးပွားရေး၊ သိပ္ပံနှင့်နည်းပညာ ပူးပေါင်းဆောင်ရွက်ရေး ဆိုင်ရာကော်မရှင် ဥက္ကဋ္ဌဖြစ်သူ Mr. Tran Hong Ha ၊ Communist Party of Vietnam (CPV) ဗဟိုကော်မတီအတွင်းရေးမှူးနှင့် ဗဟိုကော်မတီ၏ နိုင်ငံတကာကော်မရှင်အကြီးအကဲ Mr. Le Hoai Trung ၊ ဒုတိယနိုင်ငံခြားရေးဝန်ကြီး Ms. Le Thi Thu Hang တို့မှ ကြိုဆိုခဲ့ကြသည်။

သမ္မတလက်ထောက်ဖြစ်သူ Mr. Yuri Ushakov ပြောကြားချက်အရ ခရီးစဉ်သည် ဇွန်လ ၁၉ ရက်နှင့် ၂၀ ရက်နေ့ ဖြစ်ပြီး အဓိက Program များကို ၂၀ ရက်နေ့တွင် ပြုလုပ်သွားဖြစ်ကြောင်း သိရှိရသည်။ သမ္မတပူတင်အနေဖြင့် ဗီယက်နမ်နိုင်ငံ၏ ထိပ်တန်းခေါင်းဆောင် လေးဦးဖြစ်သော ဗီယက်နမ်နိုင်ငံသမ္မတ Mr. To Lam ၊ ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေ အတွင်းရေးမှူး Mr. Nguyen Phu Trong ၊ ဝန်ကြီးချုပ် Mr. Pham Minh Tin နှင့် အမျိုးသားလွှတ်တော်ဥက္ကဌ Mr. Tran Thanh Man တို့နှင့်တွေ့ဆုံသွားမည် ဖြစ်သည်။

တွေ့ဆုံမှုအပြီးတွင် နှစ်နိုင်ငံကြား ဘက်စုံမဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေးဆိုင်ရာ အခြေခံမူများကို အတည်ပြုမည့် ပူးတွဲ ကြေညာချက်တစ်ရပ်ကို ချမှတ်ရန်နှင့် ကဏ္ဍအသီးသီး ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာစာတမ်းများကိုလည်း လက်မှတ်ရေးထိုးသွားမည် ဖြစ်ကြောင်းသိရှိရသည်။

Mr. Yuri Ushakov ပြောကြားချက်အရ ယခုနှစ်သည် ရုရှား-ဗီယက်နမ် အကြား ချစ်ကြည်ရေးဆိုင်ရာ အခြေခံသဘောတူစာချုပ် လက်မှတ်ရေးထိုးခြင်း နှစ် ၃၀ ပြည့်သောနှစ်ဖြစ်ကြောင်း၊ သမ္မတပူတင်အနေဖြင့် ဆိုဗီယက်ခေတ်နှင့် ရုရှားနိုင်ငံ တက္ကသိုလ်အသီးသီးတွင် ပညာသင်ကြားခဲ့သော ကျောင်းသားဟောင်းများနှင့် တွေ့ဆုံသွားမည်ဖြစ်ကြောင်းနှင့် ဟိုချီမင်း ဂူဗိမာန်တွင် လွမ်းသူ့ပန်းခွေချမည် ဖြစ်ကြောင်း သိရှိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *