October 23, 2024

ဘင်္ဂလားဒေ့ရ်ှဆန်တင်ပို့ရန် ပြင်ဆင်နေမှု တွေ့ရစဥ်

၂၃.၁၂.၂၀၂၂
Written by Ye Kyaw

ဘင်္ဂလား‌ဒေ့ရှ်နိုင်ငံသို့ ဆန်တန်ချိန် နှစ်သိန်းတင်ပို့မည့်အနက် လက်ရှိအချိန်တွင် တန်ချိန် တစ်သိန်းခြောက်သောင်းကျော် တင်ပို့ပြီးဖြစ်ကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် ဥက္ကဋ္ဌ ဦးရဲမင်းအောင်က ပြောသည်။

“ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ဆန်တန်ချိန် နှစ်သိန်းတင်ပိုမယ့်အနက် တန်ချိန် ၁၆၀၀၀၀ ကျော် တင်ပို့ပြီးပါပြီ” ဟု ဦးရဲမင်းအောင်က ပြောသည်။

ထို့ပြင် တင်ပို့ရန် ကျန်ရှိနေသည့် ဆန်များကို သတ်မှတ်ကာလအတွင်း ပြည့်မီအောင် တင်ပို့နိုင်ရေးနှင့် ဆန်ပို့ကုန် တိုးမြှင့်တင်ပို့နိုင်ရန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။

မြန်မာ-ဘင်္ဂလား‌ဒေ့ရှ် ဆန်ကုန်သွယ်မှုဆိုင်ရာ စာချုပ်အရ ၂၀၂၂ ခုနှစ် အောက်တိုဘာမှ ၂၀၂၃ ခုနှစ် ဇန်နဝါရီအတွင်း ဘင်္ဂလား‌ဒေ့ရှ်နိုင်ငံသို့ မြန်မာ့ဆန်တင်ပို့ရာတွင် တရုတ်ယွမ်ဖြင့် တင်ပို့ခွင့်ပြုထားပြီး FOB ဈေးနှုန်း တစ်တန်လျှင် တရုတ်ယွမ် ၂၇၈၈ ဒသမ ၅၆ ယွမ်ဖြင့် တန်ချိန်နှစ်သိန်း တင်ပို့မည်ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်‌ရေးဝန်ကြီးဌာနမှ သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *