October 18, 2024

၂၀ .၆ .၂၀၂၄
Written by MMAK

◾ ခရိုအေးရှား 2-2 အယ်လ်ဘေးနီးယား
– ခရာမာရစ်74′
– ဂျာစူလာ 76′(OG)

– လာစီ 11′
– ဂျာစူလာ 90+5′

◾ ဂျာမနီ 2-0 ဟန်ဂေရီ
– မူစီရာလာ 22′
– ဂန်ဒိုဂန် 67′

◾ဆွတ်ဇာလန် 1-1 စကော့တလန်
– ရှကွီရီ 26′

– တွမ်မီနေး 13′

◾အယ်လ်ဘေးနီးယားအသင်း ပွဲအစ ၁၁ မိနစ်မှာတင် ဦးဆောင်ဂိုးစရခဲ့တာကြောင့် ခရိုအေးရှား ခက်ခက်ခဲခဲရုန်းကန်ခဲ့ရပြီး ပထမပိုင်းတစ်ပိုင်းလုံး ဂိုးပေါက်တည့်ကန်ချက်တောင် မရှိခဲ့ဘဲ အယ်လ်ဘေးနီးယားက ပိုကောင်းတဲ့ ခြေစွမ်းမျိုး မြင်တွေ့ခဲ့ရပါတယ်။ ရှုံးနိမ့်နေတဲ့ ခရိုအေးရှား ဒုတိယပိုင်း စစချင်းမှာတင် တိုက်စစ်အားသန်ကစားသမားတွေကို လူစားလဲ အသုံးပြုခဲ့သလို တရစပ်ဖိအားပေး တိုက်စစ်ဆင်နေတာကြောင့် ပွဲချိန် ၇၄ မိနစ်မှာ ခရာမာရစ်က ခြေပဂိုးသွင်းယူနိုင်ခဲ့ပြီး နောက်နှစ်မိနစ်အကြာ ၇၆ မိနစ်မှာ အယ်ဘေးနီးယား ကစားသမား ဂျာစူလာရဲ့ Own Goal ကြောင့် ဦးဆောင်ဂိုးပါ ထပ်ရခဲ့တဲ့ ခရိုအေးရှားအသင်း ပြန်လာနိုင်ပြီထင်ခဲ့ပေမဲ့ ပွဲပြီးကာနီး နာကျင်အချိန်ပိုမှာ Own Goal သွင်းခဲ့တဲ့ ဂျာစူလာကပဲ အယ်လ်ဘေးနီးယားအတွက် အဖိုးတန်ချေပဂိုး ပြန်သွင်းသွားခဲ့တာကြောင့် တစ်ဖက်နှစ်ဂိုးစီ သရေကျခဲ့လို့ ဂိုးပေါ်ရွေးချယ်မှု မှန်ကန်ခဲ့ပါတယ်။

ဟန်ဂေရီအသင်းကို နှစ်ဂိုးပြတ်နိုင်ခဲ့တဲ့ အိမ်ရှင်ဂျာမနီအသင်း ၁၆ သင်းအဆင့်ကို အစောဆုံး တက်လှမ်းနိုင်ခဲ့ပြီ ဖြစ်ပေမဲ့ နှစ်ပွဲဆက်ရှုံးခဲ့တဲ့ ဟန်ဂေရီကတော့ ယူရိုဖလားကိုနှုတ်ဆက်သွားရပြီဖြစ်ပါတယ်။ အိမ်ရှင် ဂျာမနီအသင်းရဲ့ အသင်းလိုက်ကစားပုံ တော်တော်လေး အဆင်ပြေနေတာ တွေ့ရပြီး တစ်ဦးချင်းအရည်အသွေးကောင်းတဲ့ ကစားသမားတွေပါ ရှိနေတာကြောင့် တော်တော်ကောင်းတဲ့ ခြေစွမ်းမျိုး မြင်တွေ့ထားရပါတယ်။ ပထမပိုင်းမှာ မူစီရာလာရဲ့ သွင်းဂိုးနဲ့ ဦးဆောင်ထားနိုင်ခဲ့ပြီး ခြေစွမ်းအသာနဲ့ ဖိကစားနေခဲ့သလို ဒုတိယပိုင်းမှာ အသင်းခေါင်းဆောင် ဂန်ဒိုဂန်က အနိုင်သေချာစေမဲ့ ဒုတိယဂိုး သွင်းယူပေးခဲ့ပါတယ်။ ဟန်ဂေရီအသင်း ကစားပုံ သိပ်မညံ့ပေမဲ့ အဆုံးသတ် ညံ့ဖျင်းမှုတွေကြောင့် ချေပဂိုး ပြန်မရခဲ့ဘဲ နှစ်ဂိုးပြတ် ရှုံးနိမ့်ခဲ့တာနဲ့ နှစ်ပွဲဆက် ဂိုးပြတ်ရှုံးထားတာကြောင့် အကောင်းဆုံးအုပ်စုတတိယနဲ့​တောင် ၁၆ သင်းအဆင့်ကို တက်လှမ်းနိုင်ဖို့တောင် ရာခိုင်နှုန်းမရှိသလောက်ဖြစ်သွားပါတယ်။ ဒါပေမဲ့လည်း ဂျာမနီအသင်း နှစ်ဂိုးပြတ်အနိုင်ရခဲ့တာကြောင့် ပြားခုနှစ်ဆယ်စားခဲ့ရပြီး ဂျာမနီဘော်ဒီရွေးချယ်မှု မှန်ကန်ခဲ့ပါတယ်။

ရှုံးလို့မရတဲ့ စကော့တလန်အသင်း ပွဲအစကတည်းက ဖိအားပေး တိုက်စစ်ဆင်ကစားခဲ့တာကြောင့် ၁၃ မိနစ်မှာတင် တိုမီနေးက  ဦးဆောင်ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။ ဦးဆောင်ဂိုးပေးလိုက်ရတာကြောင့် ပြန်လည်ဖိအားပေးကစားလာတဲ့ ဆွတ်ဇာလန်အသင်း ၂၆ မိနစ်မှာ ခြေပဂိုးပြန်ရခဲ့ပြီး ဝါရင့်ကစားသမား ရှကွီရီကသွင်းယူပေးခဲ့တာကြောင့် ပထမပိုင်းမှာ တစ်ဖက်တစ်ဂိုးစီ သရေကျနေခဲ့ပါတယ်။ ဒုတိယပိုင်းမှာ ဂိုးထပ်မပေးရဖို့ နှစ်သင်းလုံး ထိန်းကစားနေခဲ့တာကြောင့် သွင်းဂိုးတွေ ထပ်မမြင်တွေ့ရဘဲ တစ်ဖက်တစ်ဂိုးစီနဲ့သာ ပွဲပြီးခဲ့တာကြောင့်  စကော့တလန်အသင်း ဘော်ဒီအောက်ကြေး ရွေးချယ်မှု မှန်ကန်ခဲ့ပါတယ်။

◾ မနေ့ကရွေးချယ်ပေးခဲ့တဲ့ သုံးပွဲလုံး အနိုင်ရရှိခဲ့ပါတယ်။ ယနေ့ညမှာလည်း စပိန်နဲ့အီတလီ၊ အင်္ဂလန်နဲ့ ဒိန်းမတ်၊ စလိုဗေးနီးယားနဲ့ ဆားဘီးယားတို့ရဲ့ ပွဲစဥ်များကို ရွေးချယ်သုံးသပ်ပေးမှာ ဖြစ်လို့ MT Entertainment ရဲ့ သတင်းစာမျက်နှာမှာ ဝင်ရောက်ဖတ်ရှူ အားပေးနိုင်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *