October 18, 2024

၁၉ .၆ .၂၀၂၄
Written by MMAK

◾ခရိုအေးရှား Vs အယ်လ်ဘေးနီးယား

စပိန်အသင်းကို ဂိုးပြတ်ရှုံးခဲ့တဲ့ ခရိုအေးရှားအသင်း
ဒီပွဲအနိုင်ရမှ နောက်တစ်ဆင့်ကို တက်လှမ်းနိုင်ဖို့ အခွင့်အရေးရှိမှာ ဖြစ်ပြီး ကမ္ဘာ့အဆင့်နဲ့ ခြေစွမ်းအနိမ့်ဆုံးဖြစ်တဲ့ အယ်လ်ဘေးနီးယားအသင်းကလည်း အကောင်းဆုံးတတိယအသင်း အဖြစ် ၀င်ရောက်နိုင်ဖို့အတွက် ဒီပွဲအနိုင်ရထားမယ်ဆိုရင် ပိုကောင်းတဲ့ အခွင့်အရေး တစ်ခုပိုင်ဆိုင်မှာပါ။ နိုင်ပွဲကိုယ်စီရထားတဲ့ စပိန်နဲ့ အီတလီအသင်း ထိပ်တိုက်တွေ့နေတာကြောင့် ဒီပွဲက ခရိုအေးရှားအသင်းအတွက် အခွင့်အရေးဖြစ်သလို အယ်လ်ဘေးနီးယားအသင်း အတွက်လည်း အနိုင်ရဖို့လိုအပ်တဲ့ ပွဲစဥ်တစ်ခု ဖြစ်ပါတယ်။ ကမ္ဘာ့အဆင့်ပိုမြင့်သလို ကစားသမားကောင်းတွေ ပိုင်ဆိုင်ထားတဲ့ ခရိုအေးရှားအသင်းက ဘော်ဒီကြေး တစ်လုံး သုံးဆယ်အရှုံးထိ ပေးထားသလို ဂိုးပေါင်းကြေး နှစ်လုံးကိုးဆယ်အရှုံး ပေါက်နေပါတယ်။ အနိုင်ရဖို့လိုအပ်တဲ့ ခရိုအေးရှားအသင်း နိုင်မဲ့ကြေးပေါက်နေတယ်လို့ ပြောလို့ရပြီး ခရိုအေးရှားအသင်း ဂိုးစရတာနဲ့ အယ်လ်ဘေးနီးယားအသင်းကလည်း တိုက်စစ်ပြန်ဖွင့်ကစားရုံဘဲရှိပါတယ်။ ဘယ်အသင်း ဂိုးစရရ တိုက်စစ်ဖွင့်ကစားကြမှာ ဖြစ်တဲ့အတွက် အပြန်အလှန်သွင်းဂိုးတွေ မြင်ရနိုင်တဲ့ ပွဲစဥ်တစ်ခု ဖြစ်ပါတယ်။ ဒီပွဲဂိုးပေါင်းအောင်ဖို့အတွက်  အဖွင့်ဂိုးတစ်ဂိုးသာ လိုအပ်တယ်လို့ ယူဆထားပြီး ပထမပိုင်းလောက်မှာ တစ်သင်းသင်း ဂိုးရထားမယ်ဆို ပွဲပြီးဆုံးချိန်မှာ သုံးဂိုးအသာလေး ရောက်နိုင်တဲ့ပွဲပါ။ စပိန်နဲ့ပွဲမှာ ခရိုအေးရှားအသင်း တိုက်စစ်ကစားပုံမညံ့ခဲ့သလို အီတလီနဲ့ကန်ခဲ့တဲ့ အယ်လ်ဘေးနီးယားအသင်းရဲ့ တိုက်စစ်ကလည်း  အဆိပ်ရှိတဲ့အသင်းမျိုးဆိုတာ တွေ့ခဲ့ရပါတယ်။ နှစ်သင်းလုံး အနိုင်ရဖို့ ဦးတည်ကစားကြမဲ့ပွဲမှာ အပြန်အလှန်သွင်းဂိုးတွေ မြင်ရဖို့ ရှိနေတာကြောင့် ဂိုးပေါ်တစ်မျိုးတည်း ရွေးချယ်ထားတာ အကောင်းဆုံးဖြစ်ပါတယ်။

◾ဂျာမနီ Vs ဟန်ဂေရီ

ကစားပြီးခဲ့သမျှ ယူရိုပွဲစဥ်တွေထဲမှာ ဒီပွဲပေါက်ကြေးက အပြင်းဆုံး ဖြစ်ပါတယ်။ စကော့တလန်ကို ဂိုးပြတ်နိုင်ခဲ့တဲ့ အိမ်ရှင်ဂျာမနီအသင်း ဟန်ဂေရီအသင်းကိုလည်း ဘော်ဒီကြေး နှစ်လုံးခုနှစ်ဆယ်စားနဲ့ ဂိုးပေါင်းကြေး သုံးလုံးနှစ်ဆယ်အရှုံးထိ ပေါက်နေပါတယ်။ ဂိုးပေါင်းကြေး တအားမြင့်နေတာဟာ ဒီပွဲရှုံးရင် ယူရိုပြိုင်ပွဲကနေ ထွက်ခွာရမဲ့ ဟန်ဂေရီအသင်းကြောင့်ဖြစ်ပြီး အနိုင်ရဖို့ ဖောင်ဖျက်ကစားရမဲ့အခြေအနေကြောင့် ဂိုးပေါင်းကြေးမြင့်နေတာ ဖြစ်နိုင်ပါတယ်။ ဂိုးပေါင်းကြေး မြင့်တက်နေပြီး သွင်းဂိုးလေးဂိုး ပြည့်ရအောင် ဟန်ဂေရီအသင်းက ဘယ်နှစ်ဂိုးသွင်းနိုင်မလဲဆိုတာ စိတ်ဝင်စားဖို့ ကောင်းပေမဲ့ ဂျာမနီသုံးဂိုးလောက်သွင်းမှ ဂိုးပေါင်းအောင်မယ်လို့ပဲ တွေးမိပါတယ်။ ဂျာမနီသာ အဖွင့်ဂိုးစရသွားရင် တိုက်စစ်ဖွင့်ကစားလာမဲ့ ဟန်ဂေရီအသင်းရဲ့ ခံစစ်က ပိုပြဲထွက်လာပြီး ဂျာမနီအသင်းရဲ့တိုက်စစ်ကို ဂိုးထပ်ပေးရဖို့ပဲရှိပါတယ်။ ဆွတ်ဇာလန်နဲ့ကစားခဲ့တဲ့ပွဲမှာ ဟန်ဂေရီအသင်းရဲ့ ကစားပုံသိပ်မဆိုးပေမဲ့ ခံစစ်နဲ့ နောက်တန်းက တော်တော်အမှားများခဲ့တာ တွေ့ရပါတယ်။ ဂျာမနီအသင်းရဲ့ ဘော်ဒီကြေးနဲ့ ဂိုးပေါင်းကြေးအရဆို ဂျာမနီအသင်း ဘော်ဒီအောင်ဖို့ ရာခိုင်နှုန်းများပါတယ်။ အိမ်ရှင်ဂျာမနီအသင်းရဲ့ တိုက်စစ်ကို ခံစစ်ပြဲတဲ့ ဟန်ဂေရီအသင်း ဂိုးပြတ်အရှုံးပေးရနိုင်တာကြောင့် ဂျာမနီဘော်ဒီကိုပဲ ရွေးချယ်ရမှာပါ။

◾ဆွတ်ဇာလန် Vs စကော့တလန်

ဆွတ်ဇာလန်က ဟန်ဂေရီကို ဂိုးပြတ်အနိုင်ရထားပေမဲ့ စကော့တလန်က ဂျာမနီကို ဂိုးပြတ်ရှုံးထားပါတယ်။ ဂျာမနီက ဟန်ဂေရီကို အနိုင်ရဖို့ သေချာနေတာကြောင့် ဆွတ်ဇာလန်သာ စကော့တလန်ကို နိုင်သွားရင် အုပ်စု -A ရဲ့ ပွဲစဥ်တွေက ကြည့်ကောင်းမှာ မဟုတ်တာကြောင့် စကော့တလန်အသင်း နောက်ဆုံးမျှော်လင့်ချက်ပွဲစဥ်ကို အနည်းဆုံး သရေရအောင် ဖောင်ဖျက်ကစားပါလိမ့်မယ်။ ဒီပွဲမှာ ဆွတ်ဇာလန်အသင်းက ဘော်ဒီကြေး သရေအရှုံးပေးထားပေမဲ့ ဂိုးပေါင်းကြေးက နှစ်လုံးကို သုံးဆယ်အရှုံးသာပေးထားပါတယ်။ နောက်တစ်ချက်က ဆွတ်ဇာလန်အသင်းအနေနဲ့ သရေကျရင်တောင် အခြေအနေကောင်းတစ်ရပ် ပိုင်ဆိုင်ဦးမှာ ဖြစ်တဲ့အတွက် ဖောင်ဖျက်လာမဲ့ စကော့တလန်အသင်းကို ခက်ခက်ခဲခဲ ကစားရပါလိမ့်မယ်။ ပရိသတ် စိတ်ဝင်စားစရာ အုပ်စုတစ်ခု ဖြစ်ချင်တယ်ဆိုရင်လည်း စကော့တလန်အသင်း လုံး၀မရှုံးသင့်ဘဲ အနည်းဆုံး သရေလောက်ရသင့်ပါတယ်။ ကြေးအရ ဆွတ်ဇာလန်ကို မရွေးချယ်သင့်သလို လက်ရှိရပ်တည်မှုအရလည်း ဆွတ်ဇာလန်နိုင်သွားရင် ကြည့်မကောင်းတော့ပါဘူး။ ရော်ဘတ်ဆန်၊ မက်ဂင်းနဲ့ တိုမီနေးတို့ အသည်းအသန် ရုန်းကန်လာမဲ့ စကော့တလန်အသင်း မရှုံးနိုင်ဘူးထင်ပါတယ်။ သရေကျရင် ကြေးအပြည့်ရမဲ့ အောက်ကြေး စကော့တလန်အသင်းကို ရွေးချယ်ရမှာပါ။

Leave a Reply

Your email address will not be published. Required fields are marked *