October 18, 2024

၁၉.၆.၂၀၂၄
Written by TZ

စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့၊ စစ်ကိုင်းတောင်၊ အောင်မြေဦးဘုန်းကြီးကျောင်းတွင် ကျွေးမွေးထားသည့် ခွေးမှ ကျောင်းသူတစ်ဦး၏ ညာဘက်မျက်လုံးအောက်သို့ ကိုက်ရာက ကျောင်းသူငယ် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

အဆိုပါဖြစ်စဥ်မှာ ဇွန်လ ၁၈ ရက် ည ၁၀ နာရီဝန်းကျင်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး အောင်မြေဦးဘုန်းကြီးကျောင်းရှိ ဆရာတော်တစ်ပါးမှ ကလေးငယ်တစ်ဦး ခွေးကိုက်ခံရကြောင်း အိုးဘိုကျန်းမာရေးနှင့် Rescue အသင်းကြီးသို့ ဖုန်းဆက်အကူအညီတောင်းသောကြောင့် ဖြစ်စဥ်နေရာသို့ သွားရောက်ကူညီခဲ့ကြောင်း သိရသည်။

“ကလေးငယ်က အဲ့ဒီဘုန်းကြီးကျောင်းမှာ စာသင်နေတဲ့သူ။ ကျောင်းမှာရှိတဲ့ခွေးက သူ့ကိုကိုက်တာ။ ကာကွယ်ဆေးတော့ ထိုးထားတယ်”ဟု အိုးဘိုကျန်းမာရေးနှင့် Rescue အသင်းကြီးမှ တာဝန်ရှိသူတစ်ဦးက MT News သို့ ဖြေကြားသည်။

ခွေးကိုက်ခံရသည့် အသက် ၁၂ နှစ်ကျော်အရွယ် မဖွေးဖွေးအောင်ကို မန္တလေးဆေးရုံကြီး OPD သို့ ပို့ဆောင် ဆေးကုသပြီးနောက် အောင်မြေဦးကျောင်းသို့ ပြန်လည် ပို့ဆောင်လိုက်ကြောင်း သိရသည်။

ဓာတ်ပုံ – အိုးဘိုကျန်းမာရေးနှင့် Rescue အသင်းကြီး

Leave a Reply

Your email address will not be published. Required fields are marked *