October 18, 2024

၁၉.၆.၂၀၂၄
Written By Thandar

Tr.Nay Chi (Sweet Angle) က ဦးစီးပြီး Beauty & Nail Industry မှာ နှစ်ပေါင်းများစွာ အတွေ့အကြုံရှိတဲ့ ဆရာမတွေ ပူးပေါင်းသင်ကြားဖွင့်လှစ်တဲ့ The Nail-Art Show 2024 သင်တန်းဆင်းပွဲကို ယနေ့ ဇွန်လ ၁၉ ရက် နံနက် ၁၁ နာရီက ရန်ကုန်မြို့ တောင်ဥက္ကလာပမြို့နယ်ရှိ S Point Condo မှာကျင်းပခဲ့ပါတယ်။

“ကျွန်မကတော့ ၂၀၀၇ – ၀၈ ခုနှစ်ကနေ ဒီနေ့ဒီအချိန်ထိ Nail-Art ဒီဇိုင်နာပေါင်းများစွာကို မွေးထုတ်ပေးနေတာလည်းဖြစ်ပါတယ်။ Nail-Art ဒီဇိုင်နာမျိုးဆက်သစ်တွေကို ကြိုဆိုချင်သလို ပညာတွေ သင်ကြားပို့ချပေးခဲ့တာပါ။ စည်းစည်းလုံးလုံးနဲ့ မြန်မာနိုင်ငံထဲမှာ Nail Artist တွေကို တစ်စုတစ်စည်းထဲမြင်ချင်တယ်။ ပြည်တွင်းတင်မဟုတ်ဘဲ ပြည်ပပြိုင်ပွဲအထိသွားနိုင်တဲ့ အဆင့်ထိသွားနိုင်ဖို့ ကျွန်မစီစဥ်ထားလို့ မကြာခဏ ဒီလိုပွဲတွေလုပ်ဖို့ စီစဥ်ထားပါတယ်။ ကျွန်မတို့က ဒီကလေးတွေရဲ့ သင်ယူလိုစိတ်၊ တတ်မြောက်လိုစိတ်၊ ပေးအပ်တဲ့မေးခွန်းကို သေချာဖြေဆိုနိုင်သူကို ဆရာမတစ်ဦးက ၃ ယောက်ဆီကိုရွေးချယ်ပြီးတော့ ပညာဒါနတက်ရောက်ခွင့်ကို ပေးအပ်ခဲ့ပါတယ်”လို့ Tr.Nay Chi (Sweet Angle) က MT Entertainment ကို ပြောပါတယ်။

အဆိုပါသင်တန်းအတွက် Tr.Nay Chi (Sweet Angle)၊ Tr.Thandar (နှင်းဧကရီ)၊ Tr.Su Nandar (Su Nandar)၊ Tr.Khin (Nail By Khin)၊ Tr.Shun (Brows Master) တို့က တစ်ဦးကို ကျပ် ၅ သိန်းစီနဲ့ သင်တန်းကို စတင်ခဲ့တာဖြစ်ပြီးတော့ အနယ်နယ်အရပ်ရပ် ဆိုင်ဖွင့်လှစ်ထားသူတွေရော၊ လက်သည်းခြေသည်းနဲ့ ပတ်သက်တဲ့ ပညာရပ်တွေ လေ့လာသင်ယူဖို့အတွက် ၃ ရက်တာ သင်တန်းပို့ချပေးခဲ့တာလည်း ဖြစ်ပါတယ်။ အဲဒီနောက် သင်တန်းသူတွေကို စာမေးပွဲအနေနဲ့ စစ်ဆေးခဲ့ပြီးတော့ သင်တန်းသားဦးရေ အယောက် ၆၀ ကို သင်တန်းဆင်းလက်မှတ်တွေ ပေးအပ်ခဲ့တာလည်း ဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *