October 18, 2024

MT News
၁၈. ၆. ၂၀၂၄

ပဲခူးတိုင်းဒေသကြီး၊ ပန်းတောင်းမြို့နယ်တွင် ရခိုင်ပြည်နယ်သို့ သယ်ဆောင်မည့် ငွေကျပ် ၁ ဒသမ ၇၄ ဘီလျံတန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၁၁ ဒသမ ၆ သိန်း ဖမ်းဆီးရမိခဲ့သည်ဟု မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။

ဖြစ်စဥ်မှာ လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဇွန်လ ၁၆ ရက်နေ့ နံနက် ၁ နာရီအချိန် ပဲခူးတိုင်းဒေသကြီး၊ ပန်းတောင်းမြို့နယ်၊ ရွှေပြည်သာကျေးရွာ၏ အရှေ့ဘက် ၂ မိုင်ခန့်အကွာရှိ ထွန်းကျော်၏ တောင်ယာတဲကို သတင်းအရရှာဖွေရာ ထွန်းကျော်၊ ဌေးဝင်း၊ ဇော်မြင့်နိုင်၊ သန်းထွန်းလေး၊ ကိုဖြိုး၊ ဇော်မင်းလှိုင်၊ မြင့်အေး၊ အောင်ကျော်ဆန်း၊ ထက်လင်းစိုးနှင့် စိုးလင်းအောင်တို့ ၁၀ ဦးအား ဒေသကာလတန်ဖိုးငွေကျပ် ၁ ဒသမ ၇၄ ဘီလျံတန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၁၁ ဒသမ ၆ သိန်းနှင့်အတူ ဖမ်းဆီးရမိခဲ့သည်။

စစ်ဆေးဖော်ထုတ်ချက်အရ သိမ်းဆည်းရမိ စိတ်ကြွရူးသွပ် ဆေးပြားများအား ပန်းတောင်းမြို့နယ်မှ ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်သို့ ဆက်လက်သယ်ဆောင်မည် ဖြစ်ကြာင်းသိရှိရသဖြင့် စိတ်ကြွရူးသွပ်ဆေးပြားများ သယ်ဆောင်ခိုင်းသူ မြတ်သူဝင်း(ခ)နောင်နောင်နှင့် သိန်းစိုးတို့ အပါအဝင် ၁၂ ဦးအား ဥပဒေအရအရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား ဆက်လက်စစ်ဆေးဖော်ထုတ်လျက်ရှိကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သတင်းရရှိသည်။

Leave a Reply

Your email address will not be published. Required fields are marked *