September 20, 2024

၁၈.၆.၂၀၂၄
Written By Thandar

AIM Treasure နဲ့ Apexvision entertainment က ဒါရိုက်တာ မင်းသန့်မောင်မောင် ရိုက်ကူးတင်ဆက်မယ့် “𝐓𝐮𝐢𝐭𝐢𝐨𝐧” TV Series အတွက် သရုပ်ဆောင် ၇ ဦးခေါ်ယူထားတယ်လို့ သိရပါတယ်။

“ကျွန်တော်တို့က အနုပညာဝါသနာပါသူတွေကို လျှောက်လွှာခေါ်ယူတာပါ။ ရွေးချယ်ခံရသူက Talents တွေကို ကျွန်တော် ရိုက်ကူးပုံဖော်မယ့် ‘Tuition’ ဆိုတဲ့ Series အသစ်လေးမှာ Casting ခေါ်နေပါတယ်။ ဒီဇာတ်လမ်းတွဲအတွက် Character roles တွေအတွက် ၇ ဦးကို ရွေးချယ်မှာပါ။ Character roles တွေ တစ်ပုံချင်းကြည့်ရှုပြီးတော့ ကိုယ်ပါဝင်သရုပ်ဆောင်လိုတဲ့ Character တစ်ခု (သို့) တစ်ခု အထက်ကို လျှောက်လွှာ Form တွေ သေချာထည့်ရေးပေးလို့လည်း ရပါတယ်။ ခုလို အနုပညာဖန်တီးမှု အသစ်များကို အတူတူဖန်တီးဖို့အတွက် စိတ်ဝင်စားရင်လာရောက် လျှောက်ထားနိုင်ပါတယ်။ ကျေးဇူးအများကြီးတင်ပါတယ်” လို့ ဒါရိုက်တာ မင်းသန့်မောင်မောင်က ပြောပါတယ်။

လျှောက်လိုသူတွေအနေနဲ့ ၆ လအတွင်း ရိုက်ကူးထားတဲ့ မျက်နှာတည့်တည့် ပုံ ၁ ပုံနဲ့ မျက်နှာကိုဘေးက ရိုက်ကူးထားသောပုံ ၁ ပုံ၊ ကိုယ်လုံးပေါ်ပုံ ၁ ပုံ၊ စိတ်ပါဝင်စားသူဘယ်သူမဆို Form ဖြည့်စွက်ပြီး https://www.facebook.com /61561084526693/posts/122095848986369484/? link မှ တစ်ဆင့်ဝင်ရောက်ကြည့်ရှုကာ ပို့စ်တွင် ဖော်ပြထားတဲ့ လိုအပ်ချက်တွေနဲ့အတူ ရန်ကုန်မြို့ ဗဟန်းမြို့နယ် ဓမ္မစေတီလမ်းနဲ့ လင့်လမ်းရှိ Times Link Condominium က Room 09 ကို ရုံးချိန်အတွင်း လူကိုယ်တိုင်ဖြစ်စေ၊ Email [email protected] ကတစ်ဆင့် ဖြစ်စေ ဇွန်လ ၂၀ ရက်နေ့ နောက်ဆုံးထားပြီး လျှောက်ထားနိုင်တယ်လို့ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *