September 28, 2024

မမီမီစိန်၏ နာရေးမြင်ကွင်း(ဓာတ်ပုံ - မီမီစိန်၊ ဟေမာအောင်)

၁၈.၆.၂၀၂၄
Written by TZ

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့တွင် Gym ကစားနေသည့် အမျိုးသမီးတစ်ဦး ရုတ်တရက် မူးလဲသေဆုံးမှု ယမန်နေ့က ဖြစ်ပွားသွားခဲ့ကြောင်း သိရသည်။

အဆိုပါဖြစ်စဥ်မှာ ဇွန်လ ၁၇ ရက် နံနက် ၈ နာရီ ၂၅ မိနစ်အချိန်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး မြိတ်မြို့၊ ဘုံပျံရပ်နေ ဒေါ်မီမီစိန်မှာ Gym ကစားရင်း ရုတ်တရက်မူးလဲပြီး သေဆုံးသွားကြောင်း၊ ရုပ်အလောင်းကို ဇွန်လ ၂၁ ရက် မွန်းလွဲ ၁ နာရီတွင် ကလွင်သုသာန်၌ မီးသင်္ဂြိုဟ်သွားမည်ဖြစ်ကြောင်း သိရသည်။

“အိပ်ရေးတွေပျက်၊ ဝိတ်တွေချ၊ ရာသီဥတုကမကောင်း၊ အဲ့လိုဖြစ်ပြီး ဆုံးသွားတာဖြစ်မယ်”ဟု မိသားစုဝင်တစ်ဦးမှ MT News သို့ဖြေကြားသည်။

​ဒေါ်မီမီစိန်မှာ မြိတ်မြို့၊ အမှတ် ၃၅၅၊ အောင်ချမ်းသာလမ်း၊ ဘုံပျံရပ်တွင် နေထိုင်သူတစ်ဦးဖြစ်ပြီး ၎င်းမှာ ပြည်တွင်း၊ ပြည်ပ သဘာငှက်သိုက်ထုတ်ကုန်များကို ရောင်းချသူတစ်ဦးဖြစ်ကြောင်း သိရသည်။

ပုံစာ။ မမီမီစိန်၏ နာရေးမြင်ကွင်း(ဓာတ်ပုံ – မီမီစိန်၊ ဟေမာအောင်)

Leave a Reply

Your email address will not be published. Required fields are marked *