၁၈.၆. ၂၀၂၄
Written by Shwe Phyo
မြန်မာနိုင်ငံ၏ ဓာတ်ငွေ့တင်ပို့မှုများသည် ကျဆင်းလျက်ရှိနေသည့်အတွက် ဘဏ္ဍာရေးနှင့် စွမ်းအင်အခက်ခဲများဖြစ်လာဖွယ်ရှိနေကြောင်း ထိုင်းနိုင်ငံအခြေစိုက် လေ့လာသုံးသပ်သူများက ထုတ်ဖော်ပြောဆိုလိုက်သည်။
မြန်မာနိုင်ငံမှ ထိုင်းနိုင်ငံသို့ဓာတ်ငွေ့တင်ပို့မှုသည် ယခုနှစ်မတ်လအထိ နောက်ဆုံးခြောက်လအတွင်း၂၃ ရာခိုင်နှုန်းကျဆင်းခဲ့ရာ မြန်မာနိုင်ငံ၏ နှစ်ပေါင်း ၃၀ ကျော်ကြာ ထိုင်းနှင့်တရုတ်နိုင်ငံသို့ ဓာတ်ငွေ့တင်ပို့မှု လျော့နည်းကျဆင်းလာသော အရိပ်လက္ခဏာများဖြစ်လာနေကြောင်း သိရသည်။
မြန်မာနိုင်ငံသည် ပြီးခဲ့သော ၂၀၂၃ ခုနှစ် အောက်တိုဘာမှ ၂၀၂၄ ခုနှစ် မတ်လအထိ ခြောက်လအတွင်း ဓာတ်ငွေ့တင်ပို့မှု စုစုပေါင်း ၁၃ ရာခိုင်နှုန်းကျဆင်းခဲ့ပြီး ယင်းကာလအတွင်း ထိုင်းနိုင်ငံသို့ ဓာတ်ငွေ့တင်ပို့နိုင်မှု ၂၃ ရာခိုင်နှုန်း ကျဆင်းခဲ့ကြောင်း သိရသည်။
ကမ္ဘာ့ဘဏ်ကနောက်ဆုံးထုတ်ပြန်သော ထုတ်ပြန်ချက်များထဲတွင်လည်း မြန်မာနိုင်ငံအတွင်း တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေခြင်းကြောင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို လျော့နည်းကျဆင်းလာစေခဲ့ပြီး နိုင်ငံတဝှမ်းရှိမြို့နယ်ပေါင်း ၃၃၀ ၏တစ်ဝက်ကျော်ကို သက်ရောက်မှုများရှိလာနေကြောင်း ဖော်ပြထားသည်။
မြန်မာနိုင်ငံသည် ပြည်တွင်းမှထွက်ရှိသော ဓာတ်ငွေ့များကို တရုတ်နိုင်ငံနှင့် ထိုင်းနိုင်ငံသို့ အဓိကထားတင်ပို့နေရပြီး တရုတ်နိုင်ငံသို့ ဓာတ်ငွေ့ပိုက်လိုင်းများ သွယ်တန်းကာ တင်ပို့ပေးနေကြောင်း သိရသည်။ ရေနံနှင့်ဓာတ်ငွေ့လုပ်ငန်းသည် မြန်မာနိုင်ငံအတွက် အဓိကဝင်ငွေရှာဖွေပေးနေသည့် လုပ်ငန်းဖြစ်နေပြီး ထိုင်းစွမ်းအင်ကုမ္ပဏီများ ပါဝင်ရင်းနှီးမြှုပ်နှံနေကြောင်း သိရသည်။
REF businesstimes