October 24, 2024

၁၇. ၆ . ၂၀၂၄
Written by MMAK

◾ ယူကရိန်း Vs ရိုမေးနီးယား

အုပ်စု-Eမှာဆိုရင် ဘယ်လ်ဂျီယံ၊ ယူကရိန်း၊ ရိုမေးနီးယားနဲ့ ဆလိုဗက်ကီးယားအသင်းတို့ ပါ၀င်ပါတယ်။ ရိုမေးနီးယားအသင်းမှာ နာမည်ကြီးကစားသမားဆိုလို့ စပါးအသင်းနောက်တန်းကစားသမား ဒရက်ဂူဆင်တစ်ယောက်လောက်သာ ရှိပေမဲ့ ခြေစစ်ပွဲအဆင့်မှာ ပြခဲ့တဲ့ ခြေစွမ်းက အရမ်းကောင်းခဲ့တာ တွေ့ရပါတယ်။ ရှစ်ပွဲကစားခဲ့ရာမှာ ရှုံးပွဲလုံး၀မရှိခဲ့သလို ခံစစ်က ငါးဂိုးသာပေးခဲ့ရပြီး တိုက်စစ်က ဆယ့်ခြောက်ဂိုးသွင်းနိုင်ခဲ့ပါတယ်။ ရိုးမေးနီးယားလို့ ပြောလိုက်တာနဲ့ အဓိကပြေးမြင်မိတဲ့အချက်က ခံစစ်ကောင်းတဲ့ အသင်းဖြစ်လို့ ဂိုးအောက် အများဆုံး ကန်တတ်တဲ့ အသင်း ဖြစ်နေတာကိုပါ။ ယူကရိန်းအသင်းမှာ နာမည်ကြီးကစားသမား များတာတွေ့ရသလို ကမ္ဘာ့အဆင့်ရပ်တည်ချက်မှာလည်း ရိုမေးနီးယားအသင်းထက် အဆင့်နှစ်ဆယ်လောက်မြင့်ပါတယ်။ သို့ပေမဲ့ ယူကရိန်းအသင်း ခြေစစ်ပွဲအဆင့်ကို တိုက်ရိုက်မအောင်ခဲ့ဘဲ နေးရှင်းလိဂ်ကနေ Play -Off ကစားပြီးမှ ယူရိုဖလား ၀င်ခွင့်ရခဲ့တာ ဖြစ်ပါတယ်။ ခြေစစ်ပွဲအဆင့်မှာ အင်္ဂလန်နဲ့ အီတလီတို့လို အသင်းကြီးတွေပါနေတာကြောင့် တိုက်ရိုက်၀င်ခွင့်မရခဲ့တာ ဖြစ်ပေမဲ့ ခြေစွမ်းအရ တအားညံ့တဲ့အထဲမှာတော့ မပါပါဘူး။ ဒီပွဲမှာ ယူကရိန်းအသင်းက ဘော်ဒီကြေးတစ်လုံးရှစ်ဆယ်စား ပေးထားပြီး ဂိုးပေါင်းကြေး နှစ်လုံးငါးဆယ်အရှုံး ဖြစ်ပါတယ်။ ဒီကြေးဟာ မနေ့ကကန်ခဲ့တဲ့ ဒိန်းမတ်ပွဲ ပေါက်ကြေးနဲ့ဆင်တူနေပြီး ဘော်ဒီအောက်နဲ့ ဂိုးအောက်တစ်ခုခု ၀င်နိုင်သလို စုံအောက်လည်း ဖြစ်နိုင်ပါတယ်။ ယူကရိန်းနိုင်ရင်လည်း တစ်ဂိုးထက်မပိုနိုင်သလို နှစ်သင်းပေါင်း သုံးဂိုးရောက်ဖို့ မဖြစ်နိုင်ဘဲ အများဆုံး နှစ်ဂိုးလောက်သာဖြစ်နိုင်တာကြောင့် ဂိုးအောက်ကို ရွေးချယ်သင့်ပါတယ်။

◾ ဘယ်လ်ဂျီယံ Vs ဆလိုဗက်ကီးယား

ဘယ်လ်ဂျီယံနဲ့ ဆလိုဗက်ကီးယားအသင်းရဲ့ ကမ္ဘာ့အဆင့် အရမ်းကွာသလို ကစားသမားအရည်အသွေးနဲ့ ခြေစွမ်းကလည်း အရမ်းကွာပါတယ်။ ဆလိုဗက်ကီးယားအသင်း အနေနဲ့ ဘယ်လ်ဂျီယံအသင်းကနေ သရေတစ်မှတ်လောက်ရမယ်ဆိုရင်တောင် အခြေအနေကောင်းတစ်ရပ် ပိုင်ဆိုင်မှာ ဖြစ်တာကြောင့် သရေကျဖို့ ဦးတည်ကစားလာနိုင်ပါတယ်။ ဘယ်လ်ဂျီယံကို သရေရဖို့ ပိတ်ကစားပြီး ခြေစွမ်းသိပ်မကွာတဲ့ ယူကရိန်းနဲ့ ရိုးမေးနီးယားတို့ကို ယှဥ်ကစားဖို့ ပြင်ဆင်ထားကြမယ်ထင်ပါတယ်။ ဒီပွဲမှာ ဘယ်လ်ဂျီယံအသင်းက တစ်လုံးနှစ်ဆယ်အရှုံးပေးထားပြီး ဂိုးပေါင်းကြေး သုံးလုံးကိုးဆယ်စား ဖြစ်ပါတယ်။ ဒီကြေးအရဆို ဘယ်လ်ဂျီယံအသင်းရဲ့ သွင်းဂိုးကိုပဲ မြင်ရဖို့ရှိသလို ဆလိုဗက်ကီးယားအသင်း ဂိုးရဖို့ မလွယ်ပါဘူး။ ခံစစ်ပိတ်ကစားမဲ့ ဆလိုဗက်ကီးယားအသင်းကြောင့် ဘယ်လ်ဂျီယံအသင်းလည်း ဂိုးရနောက်ကျနိုင်ပါတယ်။ ဘယ်လ်ဂျီယံအသင်းရဲ့တိုက်စစ်နဲ့ ဆလိုဗက်ကီးယားအသင်းရဲ့ခံစစ် အားပြိုင်ကြမဲ့ပွဲမှာ ဂိုးတွေအများကြီး မြင်ရမယ်မထင်ပါဘူး။ နောက်တစ်ချက်က ဆလိုဗက်ကီးယားအသင်းကလည်း ခံစစ်အားသန်တဲ့အသင်းဖြစ်ပြီး ဂိုးအောက်ကစားတတ်တဲ့ အသင်းဖြစ်တာကြောင့် ဘယ်လ်ဂျီယံကပ်နိုင်သွားနိုင်ပြီး ဂိုးအောက်သွားမယ်လို့ ယူဆတာကြောင့် ဂိုးအောက်တစ်မျိုးတည်း ရွေးချယ်စေချင်ပါတယ်။

◾ ပြင်သစ် Vs သြစတီးယား

အုပ်စု -D မှာ မနေ့ကစားခဲ့တဲ့ နယ်သာလန်အသင်းက ပိုလန်အသင်းကို အနိုင်ရခဲ့တာ တွေ့ရပြီး အခုပွဲစဥ်မှာလည်း နာမည်ကြီး ပြင်သစ်အနိုင်ရသွားမလားဆိုတာ စောင့်ကြည့်ရမှာပါ။ ယူရိုဖလားရဖို့ ရေပန်းစားတဲ့အသင်းတွေထဲမှာ ပါ၀င်တဲ့ ပြင်သစ်အသင်းအနေနဲ့ အုပ်စုအဆင့်မှာ နယ်သာလန်လို အသင်းကြီးတွေ ပါ၀င်နေသလို ပိုလန်နဲ့ သြစတီးယားတို့လိုမျိုး ဒုက္ခပေးနိုင်တဲ့ အသင်းတွေပါ၀င်နေတာကြောင့် အမှားခံလို့မရပါဘူး။ နည်းပြကြီး ဒက်ချမ့်နဲ့ ဆယ်စုနှစ်ကြာ လက်တွဲခဲ့တဲ့ ပြင်သစ်အသင်းရဲ့ ခြေစွမ်းက အမြဲလိုလို တည်ငြိမ်မှုရှိတာ တွေ့ရပြီး ပြိုင်ပွဲတိုင်းမှာ ခြေစွမ်းပြကစားနိုင်တာ တွေ့ရသလို အမြင့်ဆုံးအဆင့်တစ်ခုမှာ မြင်ရလေ့ရှိပါတယ်။ သြစတီးယားအသင်းက အသင်းလိုက်ကစားပုံကောင်းတယ်ဆိုပေမဲ့ ပြင်သစ်အသင်းရဲ့ခြေစွမ်းနဲ့ ကစားသမားအရည်အသွေးကိုတော့ ယှဥ်နိုင်ဖို့ရာမလွယ်ပါဘူး။ ပြင်သစ်အသင်းရဲ့ လူစာရင်းမှာဆို နေရာစုံမှာ ကမ္ဘာ့အဆင့်ကစားသမားတွေ ပိုင်ဆိုင်ထားပြီး မိနစ်ပိုင်းအတွင်းမှာ ပွဲအဖြေပြောင်းပေးနိုင်တဲ့ အမ်ဘာပေလို ကစားသမားလည်း ရှိနေပါတယ်။ ပြင်သစ်အသင်းအနေနဲ့ ဘော်ဒီကြေး တစ်လုံးသရေလောက်ထိ ပေးသင့်တာဖြစ်ပေမဲ့ တစ်လုံးကို နှစ်ဆယ်စားပေးထားတာ တွေ့ရပါတယ်။ ပြင်သစ်အသင်းရဲ့ ဘော်ဒီကြေး တစ်လုံးသရေ ကနေ တစ်လုံးအရှုံးလောက်ထိ ပေးမယ်ဆို ပြင်သစ်ဘော်ဒီတွေ ပုံအောလာမဲ့ အနေအထားကြောင့် ကြေးနည်းနည်း လျော့ထားတယ် ထင်ပါတယ်။ ကစားပြီးတဲ့ ယူရိုပွဲစဥ်တွေကို ကြည့်မယ်ဆိုရင် အသင်းကြီးတွေအမှားနည်းတာ တွေ့ရပြီး အားလုံးအနိုင်ရထားကြတာတွေ့ရပါတယ်။ အသင်းကြီး ဖြစ်တဲ့ ပြင်သစ်ဘော်ဒီကိုပဲ ထိုးသားအများစု  ရွေးချယ်ကြမှာ ဖြစ်တာကြောင့် ပြင်သစ်အသင်းရဲ့ဘော်ဒီကြေး နည်းနည်းပျော့သလို ဖြစ်နေပါတယ်။ အုပ်စုအဆင့်မှာ နယ်သာလန်လိုအသင်းကြီး ပါ၀င်နေသလို သုံးပွဲသာကစားရမဲ့ အခြေအနေမှာ ပြင်သစ်အသင်း အမှားခံမယ်မထင်ပါဘူး။ ပြင်သစ်အသင်း အနိမ့်ဆုံး တစ်ဂိုးအသာကနေ စကြည့်ရမှာ ဖြစ်ပြီး တစ်ဂိုးနဲ့နိုင်ရင်တောင် ပြားနှစ်ဆယ် စားရမဲ့ ပြင်သစ်ဘော်ဒီကိုပဲ ရွေးချယ်ရမှာပါ။

Leave a Reply

Your email address will not be published. Required fields are marked *