October 24, 2024

၁၇.၆.၂၀၂၄
Translated by Htwe Ko Tun

တူရကီနိုင်ငံတွင် Eid al-Adha ခေါ် အစ္စလာမ်ဘာသာဝင်တို့၏ အစ်ဒ်ပွဲတော်ကာလအတွင်း ပထမနေ့တွင် ယဇ်ပူဇော်မှုပြုလုပ်ရန် တိရစ္ဆာန်များကို အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုပြုခဲ့ကြရာတွင် စုစုပေါင်း လူ ၁၆,၀၀၀ ခန့် ဒဏ်ရာများရရှိခဲ့ကြကြောင်း တူရကီအစိုးရ ကျန်းမာရေးဝန်ကြီးဌာနဝန်ကြီး ဖာရက်တင်းခိုကာက လူမှုကွန်ရက် X မှတစ်ဆင့် ပြောကြားခဲ့သည်။

တူရကီနိုင်ငံတွင် အစ်ဒ်ပွဲတော်အားလပ်ရက်များကို အစိုးရက ဇွန်လ ၁၆ ရက်မှ ဇွန်လ ၂၄ ရက်အထိ သတ်မှတ်ပေးခဲ့ရာ ပထမဆုံးနေ့ဖြစ်သော ဇွန်လ ၁၆ ရက်တွင် ယဇ်ပူဇော်ပွဲအခမ်းအနားအတွက် တိရစ္ဆာန်များကို သတ်ဖြတ်ယစ်ဇ်ပူဇော်ခဲ့ကြခြင်းဖြစ်သည်။ လူမှုကွန်ရက်တွင်ဆိုလျှင် ထိုနေ့၌ ယဇ်ပူဇော်ခံရမည့် တိရစ္ဆာန်များက သားသတ်သမားတို့လက်မှ လွတ် မြောက်ရန်ကြိုးစားကြသည့် ဗီဒီယိုများစွာကိုလည်း တွေ့ကြရသည်။

Eid al-Adha ခေါ် ယဇ်ပူဇော်ပွဲရက်တွင် တူရကီနိုင်ငံအတွင်း အစ္စလာမ်ဘာသာဝင် မိသားစုဝင်များက ပြန်လည်စုဝေးကာ အစားအသောက်များဝေမျှခြင်း၊ သက်ကြီးရွယ်အိုများ၊ အစ်ဒ်ပွဲတော်ဆုတောင်းပေးသူများကို ဂါရဝပြုခြင်းတို့ပြုကြသည်။ ထို့ပြင် ယဇ်ပူဇော်ရန် သတ်ဖြတ်ခဲ့သည့် တိရစ္ဆာန်အသားများကို မိတ်ဆွေများ၊ အိမ်နီးချင်းများ၊ ဆင်းရဲသားများသို့ ဝေမျှလေ့ရှိကြသည်။

ဇွန်လ ၁၆ ရက်က ကျင်းပခဲ့သော ယဇ်ပူဇော်ပွဲများတွင်မူ ယဇ်ပူဇော်ရန်သတ်ဖြတ်မှုများအတွင်း စုစုပေါင်း လူ ၁၆,၀၀၀ ခန့် ဒဏ်ရာများရကာ ဆေးရုံများသို့ရောက်ခဲ့ရသည်။ ထိုသို့ဖြစ်ပွားမှုက တစ်နိုင်ငံလုံးတွင်ပင်ရှိခဲ့ရာ အန်ကာရာမြို့တွင် ၁,၂၇၄ ဦး၊ အန်ကာရာမြို့တွင် ၈၄၀ ဦး၊ အစ်ဇ်မာမြို့တွင် ၄၁၆ ဦး အပါအဝင်လည်းဖြစ်ကြောင်း၊ ထိုသို့ဖြစ်ရမှုက သားသတ်လုပ်ငန်းတွင် ကျွမ်းကျင်မှုမရှိသူများကြောင့်ဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးကပြောခဲ့သည်။

Ref- RIA Novosti

Leave a Reply

Your email address will not be published. Required fields are marked *