October 24, 2024

၁၇.၆.၂၀၂၄
Written By Thandar

တစ်ချိန်က အဆိုတော်ကြီး ထူးအိမ်သင်ရဲ့ အောင်မြင်ကျော်ကြားခဲ့တဲ့ “ခွင့်မပြု”တေးသီချင်းက ချစ်စရာကောင်းတဲ့ပုံစံလေးဖြစ်သလို စိတ်ကူးစိတ်သန်းလေးလည်းကောင်းလို့ ပညာခန်းတွေပြထားတာလည်းမပါလို့ ပြန်ဆိုဖြစ်တာပါလို့ အကယ်ဒမီ မယ်လိုဒီက ပြောပါတယ်။

“ပထမကတော့ ကိုထူးအိမ်သင်ရဲ့သီချင်းကို ပြန်ဆိုဖို့လောက်တော့ သတ္တိမရှိပါဘူး။ ဒီသီချင်းမှာက ပညာသားတွေထည့်ဆိုတာ မဟုတ်ဘူးလေ။ ပညာသားပါရင်လည်း မျိုးက မဆိုတတ်ပါဘူး။ ဒီသီချင်း စာသားလေးတွေကလည်း ချစ်ရာကောင်းတယ်။ ဒီသီချင်းက ချစ်စရာကောင်းတဲ့ပုံစံလေး စိတ်ကူးစိတ်သန်းလေးလည်း ကောင်းလို့ ပြန်ဆိုဖြစ်တာပါ။ ပြန်ဆိုသူလည်း ရှားလို့လေ။ သီချင်းမှာပညာခန်းပြတာ မပါလို့မျိုးပြန်ဆိုဖြစ်တာပါ။ ခွင့်မပြုသီချင်းလေးက နူးနူးညံ့ညံ့လေးဖြစ်တယ်။ တခြားခက်ခဲတာတွေရှိတယ် ဒါမျိုးဆိုရင်လည်း မျိုးက မဆိုပါဘူး။ ကိုယ်ဆိုလိုက်မှ သီချင်းပျက်စီးသွားနိုင်တာမို့ပါ မဆိုပါဘူး။ ကိုယ့်ကြောင့် မပျက်စီးမယ့် သီချင်းလေးကို မျိုး သီဆိုဖြစ်တာပါ” လို့ သရုပ်ဆောင် မယ်လိုဒီက ပြောပါတယ်။

အဆိုပါ တေးသီချင်းကတော့ တေးရေး ထူးအိမ်သင်ရေးသားထားပြီးတော့ ဒါရိုက်တာထက်ဇော်အောင်က မယ်လိုဒီနဲ့အတူ အကောင်းဆုံး ရိုက်ကူးပေးထားပြီး မကြာခင်ရက်ပိုင်းမှာထွက်ရှိမှာလည်း ဖြစ်တယ်လို့ သိရပါတယ်။ မယ်လိုဒီကတော့ တေးရေး မြတ်အမရာမောင်ရေးသားထားတဲ့ 4U သီချင်းသစ်တစ်ပုဒ်ကိုလည်း ထွက်ရှိထားသူလည်းဖြစ်ပြီး မဟာရုပ်သံက ရိုက်ကူးထားတဲ့ “သစ္စာဖြင့်စီရင်စေ”ဇာတ်လမ်းတွဲမှာလည်း ပါဝင်ထားသူလည်း ဖြစ်ပါတယ်။

“မျိုးက ဟိုးအရင်ကလည်းက သီချင်းတွေကို သဘောကျတယ်။ VCD ခေတ်ထဲက သီချင်းတွေကို သရုပ်ဆောင်ခဲ့သူလည်းဖြစ်တယ်လေ။ ကိုထူးအိမ်သင် သီချင်းတစ်ပုဒ်ဖြစ်တဲ့ ခွင့်မပြု သီချင်းကို ပြန်ဆိုပါမယ်။ စာသားတွေကလည်း ချစ်စရာကောင်းတယ်။ သူငယ်ချင်းတွေ မြှောက်ပေးတာမို့ ဆိုဖြစ်တာပါ အားပေးကြပါဦး လို့” သူမက ဆက်ပြောပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *