October 24, 2024

၁၇.၆.၂၀၂၄
Translated by Htwe Ko Tun

အိန္ဒိယနိုင်ငံ၊ အနောက်ဘင်္ဂလားပြည်နယ်၊ ဒါဂျီလင်ခရိုင်အတွင်း ကုန်ရထားတစ်စီးနှင့် လူစီးခရီးသည်တင် အမြန်ရထားတစ်စီးတို့ ဇွန်လ ၁၇ ရက် နံနက် ၉ နာရီခန့်က တိုက်မိခဲ့ကြရာ ခရီးသည် ၅ ဦးသေဆုံး၍ ၂၅ ဦး ဒဏ်ရာရရှိခဲ့ကြကြောင်း ရှေးဦးသတင်းများအရ သိရသည်။

လူစီးရထားက အာသံပြည်နယ်မှ ကိုလ်ကတ္တားသို့ မောင်းနှင်လာခြင်းဖြစ်ကာ အနောက်ဘင်္ဂလားပြည်နယ်၊ နယူးဂျာလ်ပေဂူရီမြို့အနီး ဘူတာရုံတစ်ခုမရောက်မီ ကုန်ရထားနှင့်တိုက်မိခဲ့ခြင်းဖြစ်ကာ လူစီးရထားမှ တွဲနှစ်တွဲ လမ်းချော်ခဲ့ရသည်။

ရထားတိုက်မှုကြောင့် နေရာတွင်ပင်သေဆုံးသူ ၅ ဦးရှိကာ လူစီးရထားမောင်းနှင်သူလည်း သေဆုံးသူများတွင်ပါဝင်ကြောင်း ကယ်ဆယ်ရေးအဖွဲ့များက ပြောခဲ့ကြသည်။ ကယ်ဆယ်ရေးလုပ်ငန်းများကို ဆက်လက်ဆောင်ရွက်နေဆဲဖြစ်ရာ ထိခိုက်ဒဏ်ရာရသူ တိုးလာနိုင်ကြောင်းလည်း သိရသည်။ ရထားတိုက်မိမှု၏ အကြောင်းရင်းကိုမူ တိကျစွာမသိရသေးပေ။

အဆိုပါရထားလမ်းက ကိုလ်ကတ္တားမြို့နှင့် ဆီလီဂူရီမြို့အကြား ဆက်သွယ်ထားသော အဓိကရထားလမ်းလည်းဖြစ်ကာ ရထားတိုက်မှုကြောင့် ထိုလမ်းပေါ်တွင် ခရီးဝေးရထားပြေးဆွဲမှုများရပ်ဆိုင်းခဲ့ရသည်။

Ref- The Indian Express

Leave a Reply

Your email address will not be published. Required fields are marked *