October 24, 2024

ဓာတ်ပုံ - ရွှေကြေးစည်လူမှုကူညီရေးအသင်း

၁၇.၆.၂၀၂၄
Written by TZ

မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့၊ အေးချမ်းသာယာရပ်ကွက်တွင် နေအိမ်၌ ဇနီးမောင်နှံနှစ်ဦး အဆိပ်သောက်၍ သေဆုံးသွားပြီး ၎င်းတို့တွင် တစ်နှစ်ခွဲအရွယ် ကလေးငယ်တစ်ဦး ကျန်ရှိခဲ့ကြောင်း သိရသည်။

ဖြစ်စဥ်မှာ ဇွန်လ ၁၅ ရက် ည ၈ နာရီအချိန်တွင် ရွှေကြေးစည်လူမှုကူညီရေးအသင်းသို့ ပြည်သူများမှဖုန်းဆက်လာသောကြောင့် ဖြစ်စဥ်နေရာသို့ အသင်းယာဥ်ဖြင့် သွားရောက်ကာ သတ်သေသူများကို ဆေးရုံသို့ပို့ဆောင်ပြီးနောက် ဇွန် ၁၆ ရက်နေ့တွင် နေအိမ်မှတစ်ဆင့် ညနေ ၆ နာရီအချိန်တွင် ရေထွက်သုသာန်၌ သင်္ဂြိုဟ်လိုက်ကြောင်း သိရသည်။

“ဘေးအိမ်ကသူတွေက ကလေးငိုသံကြားလို့ သွားကြတာ။ အဲ့ဒီမှာ အိမ်တံခါးဖွင့်ပြီးကြည့်လိုက်တော့ လင်မယားနှစ်ယောက်အဆိပ်သောက်ပြီး သေနေကြတာ။ မျက်နှာကြီးတွေဆို မဲပုတ်နေတာ”ဟု ရွှေကြေးစည်လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက MT News သို့ ဖြေကြားသည်။

အဆိပ်သောက်ပြီး သေဆုံးသည့် အမျိုးသားမှာ အသက် ၂၅ နှစ်အရွယ် ကိုဇော်ဇော်ညိမ်းနှင့် ဇနီးဖြစ်သူ အသက် ၁၈ နှစ်အရွယ် မမိုးပြည့်တို့ဖြစ်ကြောင်း သိရသည်။

ဓာတ်ပုံ – ရွှေကြေးစည်လူမှုကူညီရေးအသင်း

Leave a Reply

Your email address will not be published. Required fields are marked *