October 24, 2024

ယခုနှစ် မတ်လမှ ဇွန်လလယ်အထိ သုံးလအတွင်း AA က ဘင်္ဂါလီ ၁၂၀၀ မှ ၁၅၀၀ ကြား သတ်ဖြတ်ထား

၁၇. ၆. ၂၀၂၄
Written by Nay Moe

ရခိုင်ပြည်နယ်ကို ထိုးစစ်ဆင်နေတဲ့ AA က မောင်တောပြည်သူတွေ ဇွန်လ ၁၆ ရက် ည ၉ နာရီကစပြီး အမြန်ဆုံးထွက်ခွာဖို့ မနေ့က ဇွန်လ ၁၆ ရက် ည ၈ နာရီ ၅၉ မိနစ်မှာ တစ်မိနစ်ကြိုတင်အကြောင်းကြားပြီး မောင်တောပြည်သူတွေကို နှင်ထုတ်ခဲ့ပါတယ်။

AA က မောင်တောမြို့နဲ့ မောင်တောမြို့ပတ်ဝန်းကျင်က လက်ကျန်စခန်းအားလုံးကို ဝိုင်းရံ ပိတ်ဆို့ ဖြတ်တောက်ထားပြီးဖြစ်သလို ဒီစခန်းတွေကို ထိုးစစ်ဆင်တော့မှာဖြစ်တာကြောင့် မောင်တောပြည်သူတွေက တပ်စခန်းတွေနားမနေဖို့၊ မြို့တွင်းက တပ်စခန်းတွေကို တိုက်မဲ့အချိန်မှာ ပြည်သူတွေထိမှာ စိုးရိမ်လို့ မနေ့ကည ၉ နာရီ နောက်ဆုံးထားထွက်ခွာဖို့ တစ်မိနစ်ကြိုတင် အသိပေးချက် ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။

AA ရဲ့ ထိုးစစ်ဆင် တိုက်ခိုက်မှုကြောင့် လက်ရှိအချိန်မှာ ရခိုင်တွေနဲ့ ဘင်္ဂါလီ ၆ သိန်းထက်မနည်းဟာ အငတ်ဘေးကြုံနေရတဲ့ စစ်ဘေးဒုက္ခသည်တွေဖြစ်နေရသလို ပြီးခဲ့တဲ့ လပိုင်းကလည်း AA က ဘူးသီးတောင်မြို့က ဘင်္ဂါလီအိမ်တွေ မီးရှို့ဖျက်ဆီးလိုက်လို့ လူဦးရေသိန်းချီ အိုးမဲ့အိမ်မဲ့ စားစရာမဲ့ဖြစ်လာနေချိန်မှာ AA က ဘင်္ဂါလီအများစုနေထိုင်ရာ မောင်တောမြို့ကို ထပ်မံဖျက်ဆီးဖို့ လုပ်ဆောင်လာတာလည်းဖြစ်ပြီး ဒီလိုမျိုး AA ရဲ့ တစ်မိနစ်ကြို သတိပေးမှုကို NUG ရဲ့ လူ့အခွင့်အရေးဒုတိယဝန်ကြီး ဦးအောင်ကျော်မိုးက” ထွက်သွားခိုင်းတာကတော့ ဟုတ်ပါပြီ ဘယ်ကို ထွက်သွားရမှာလဲ ? ဆိုတာ ရှိတယ်။ နယ်စပ်ဖြတ်ကျော်ပြီး တဖက်နိုင်ငံကို ထွက်ပြေးတိမ်းရှောင်ရမှာလား ? ဘယ်ကို ထွက်သွားပေးရမှာလဲ ? အဖြေတော့ ပေးရမှာလေ AA ရဲ့ လွတ်မြောက်နယ်မြေတွေမှာ စီစဉ်ပေးထားတယ် ဒါမှမဟုတ် ထိန်းချုပ်နယ်မြေတွေကို ပြေးကြပါ။ အခုက အဲလိုလမ်းညွန်ချက်လည်းမတွေ့ရဘူး။ ဘင်္ဂလားဒေ့ရှ်က နယ်စပ်ပိတ်ထားတယ်။ ဘူးသီးတောင်ဘက်လည်းလမ်းပိတ်ထားတယ်။(သတ်ပုံမူရင်း)”လို့ မေးခွန်းထုတ်ထားပါတယ်။

ဦးအောင်ကျော်မိုးဟာ AA က ဘူးသီးတောင်မြို့ကို မီးရှို့ပြီး တပ်မတော်ကို လွှဲချတုန်းကလည်း ဘူးသီးတောင်ကို မီးရှို့တာက AA ဖြစ်တယ်ဆိုတာ ဖော်ထုတ်ခဲ့သူလည်းဖြစ်ပါတယ်။

ဦးအောင်ကျော်မိုးနည်းတူ ဘင်္ဂါလီအရေးလှုပ်ရှားတဲ့ ရိုနေဆန်းလွင်ကလည်း သူ့လူမှုကွန်ရက်အကောင့်မှာ AA က မောင်တောပြည်သူတွေကို တစ်မိနစ်ပဲ ကြိုသတိပေးပြီး ချက်ခြင်းထွက်ခိုင်းတဲ့အပေါ် မေးခွန်းထုတ်ထားသလို AA က မေလ ၁၇ ရက်မှာ ဘူးသီးတောင်တစ်မြို့လုံး မီးရှို့ခဲ့လို့ ဘင်္ဂါလီ ၂ သိန်းနီးပါး နေရပ်စွန့်ခွာခဲ့ရတာ၊ တိုက်ပွဲမဖြစ်ပွားဘဲ မောင်တောမြို့နယ်က ပေါက်ဇာနဲ့ လဘော်ဇာရွာက ဘင်္ဂါလီတွေကို နှင်ထုတ်ပြီး ဝင်ခွင့်မပေးတာလုပ်နေပြီး AA ရဲ့ လုပ်ရပ်ဟာ တပ်မတော်ကို တိုက်ခိုက်ဖို့အကြောင်းပြပြီး ဘင်္ဂါလီတွေကို အတင်းအကျပ်ရွှေ့ပြောင်းနေတဲ့အပြင် မီးရှို့ဖျက်ဆီး သတ်ဖြတ်မှုလည်း လုပ်ထားတာကြောင့် ၂၀၂၄ ခုနှစ် မတ်လကနေ အခု ဇွန်လလယ်အထိ ဘင်္ဂါလီ ၁၂၀၀ ကနေ ၁၅၀၀ ကြားဟာ AA သတ်လို့ သေထားရပြီလို့လည်း လူမှုကွန်ရက်မှာ ရေးသားထားပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *