October 24, 2024

၁၇.၆.၂၀၂၄
Translated by Htwe Ko Tun

ဂျာမနီနိုင်ငံအနောက်ပိုင်း ဂယ်လ်ဆန်ကာချင်မြို့တွင် ကျင်းပနေသော EURO 2024 ဘောလုံးပြိုင်ပွဲ၌ အင်္ဂလန်နှင့် ဆာဘီးယားအသင်းတို့၏ ဇွန်လ ၁၆ ရက်၊ ည ၈ နာရီတွင် ကစားမည့် နှစ်သင်းစလုံး၏ ပထမပွဲစဉ်၌ ဘောလုံးပွဲမတိုင်မီ ကစားကွင်းအနီးတွင် နှစ်ဖက်ပရိသတ်တို့ ခိုက်ရန်ဖြစ်ပွားမှုတစ်ရပ် မွန်းလွဲ ၃ နာရီခွဲခန့်တွင် ဖြစ်ပွားခဲ့ရကြောင်း သိရသည်။

ဆာဘီးယားပရိသတ်တစ်ဦးက ဘောလုံးကွင်းအနီးလမ်းတစ်ခုအတွင်း ၎င်းနှင့်မိတ်ဆွေများ အရက်ဆိုင်ငယ်လေးတစ်ခုတွင်ထိုင်၍ ဘီယာသောက်နေစဉ် လူတစ်စုက ကျောက်တုံးများ၊ ဖန်ခွက်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြကြောင်း ပြောခဲ့သည်။ လူမှုကွန်ရက်တွင်တွေ့ရသော ဗီဒီယိုများတွင် ဆာဘီးယားအလံများချိတ်ဆွဲထားသော စားသောက်ဆိုင်တစ်ဆိုင်တွင်း လူတစ်စုကဝင်ရောက်ကာ စားပွဲ၊ ထိုင်ခုံများနှင့်ပုလင်းများ၊ ဖန်ခွက်များဖြင့် တိုက်ခိုက်ခဲ့ကြကာ တစ်ဖက်ပရိသတ်ကလည်း ထိုလမ်းအတွင်း နောက်မှလိုက်ကာ ပြန်လည်တိုက်ခိုက်ခဲ့ကြကြောင်း တွေ့ရသည်။

သတင်းများအရ အီတလီစားသောက်ဆိုင်တစ်ခုတွင် အင်္ဂလိပ်ပရိသတ်များက ဆာဘီးယားပရိသတ်များကို စတင်တိုက်ခိုက်ခဲ့ခြင်းဖြစ်‌ကြောင်း ယုံကြည်ရသည်။ ကမ္ဘာ့ဖလားပွဲနှင့် EURO ပွဲကဲ့သို့ ဘောလုံးပြိုင်ပွဲကြီးများတွင် သီဆိုမှုကို တားမြစ်ထားသည့် ဆန့်ကျင်သီဆိုသော ဂျာမနီနိုင်ငံကို 10 German Bombers သီချင်းကို ဂျာမန်ရဲတပ်ဖွဲ့က မဆိုရန် ပြောခဲ့သော်လည်း အင်္ဂလိပ်ပရိသတ်အချို့က ဂရုမစိုက်ဘဲ ဆက်လက်သီဆိုခဲ့ကြသည်ကိုလည်း တွေ့ရသည်။

သတင်းထောက်များရောက်ရှိချိန်တွင် အဆိုပါရန်ပွဲဖြစ်ပွားရာလမ်းငယ်အတွင်း ပုလင်းကွဲအစများနှင့် ကုလားထိုင်များပျံ့နှံ့နေကာ ရဲတပ်ဖွဲ့ဝင်များက အခြေအနေကို ဝင်ရောက်ထိန်းသိမ်းထားသည်ကိုတွေ့ ကြရသည်။

ဂယ်လ်ဆန်ကာချင်မြို့ ရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူက ရဲတပ်ဖွဲ့အနေနှင့် ခိုက်ရန်ဖြစ်ပွားသောလမ်းအတွင်း နှစ်ဖက်ပရိသတ်များကို ခွဲထုတ်ကာ အခြေအနေကို ထိန်းသိမ်းခဲ့ကြောင်း ပြောခဲ့သည်။ ထပ်မံသိရှိရသော သတင်းများအရ ရဲတပ်ဖွဲ့က ဆာဘီးယားပရိသတ် ခုနှစ်ဦးကို ဖမ်းဆီးထားကြောင်းသိရသည်။

ကစားပွဲကိုအားပေးရန် ဂယ်လ်ဆန်ကာချင်မြို့ အတွင်း အင်္ဂလိပ်ပရိသတ် ၂၀၀,၀၀ နှင့် ဆာဘီးယားပရိသတ် ၁၀၀,၀၀ ခန့်ရောက်ရှိနေကြောင်းလည်း ခန့်မှန်းရသည်။

Ref- CTV News

Leave a Reply

Your email address will not be published. Required fields are marked *