October 24, 2024

၁၇.၆.၂၀၂၄
Written by KL

ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးမိုင်တိုင်အမှတ်(၃၁၇/၀-၁) အကြားတွင် လူဦးရေ ၂၈ ဦး လိုက်ပါလာသော အဖြူရောင် မော်တော်ယာဥ်တစ်စီးမှာ အရှိန်မထိန်းနိုင်ဘဲ လမ်းဘေးသို့ ထိုးကျတိမ်းမှောက်မှု ဇွန်လ ၁၆ ရက် ညနေ ၆ နာရီ ၁၅ မိနစ်ခန့်က ဖြစ်ပွားခဲ့သည်။

မန္တ‌လးဘက်မှ နေပြည်တော်ဘက်သို့မောင်းနှင်လာသော Hyundai Porter ll အမျိုးအစား(အဖြူ)ရောင်ယာဉ်မှာ ကလေး ၄ ဦး၊ အမျိုးသမီး၂၁ ဦး၊ အမျိုးသား ၄ ဦးတို့ စီးနင်းလိုက်ပါလာရာ လမ်းခုလတ်တွင် အရှိန်မထိန်းနိုင်ဘဲ တိမ်းမှောက်ခဲ့ခြင်းဖြစ်ကြောင်း အမြန်လမ်းမီးသတ်တပ်ဖွဲ့ထံမှ သိရသည်။

ယာဥ်တိမ်းမှောက်မှုကြောင့် မော်တော်ယာဥ်ပျက်စီးခဲ့ပြီး အသက် ၆ နှစ်အရွယ် ယောင်ကျ်ားလေး ၁ ဦး၊ အသက် ၁၇ နှစ်မှ ၆၈ နှစ်ကြားရှိ ယာဥ်​မောင်းအပါအဝင် အမျိုးသား ၃ ဦး၊အမျိုးသမီး ၁၂ ဦး စုစုပေါင်း ၁၆ ဦးမှာ ထိခိုက်ဒဏ်ရာများ ရရှိခဲ့သ​​ဖြင့် မိတ္ထီလာမြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ကာ ဆေးဝါးကုသမှုခံယူနေရကြောင်း သိရသည်။

“ကားက မိတ္ထီလာမြို့က ကားပဲ။ အမျိုးသမီး တစ်ယောက်ကတော့ ဘယ်လက်ချောင်း ၃ ချောင်းကြေမွသွားတယ်။ တစ်ယောက်က ညာဘက်လက်ကောက်ဝတ် ကျိုးသွားတယ်။ ကျန်တဲ့သူတွေက ပွန်းပဲဒဏ်ရာ၊ ဖူးယောင်ဒဏ်ရာတွေရတယ်။လူနာအားလုံးကတော့ မစိုးရိမ်ရပါဘူး”ဟု ကယ်ဆယ်ရေးဆောင်ရွက်ခဲ့သူတစ်ဦးက ပြောသည်။

ထို့အပြင် ယာဥ်တိမ်းမှောက်မှုကြောင့် မော်တော်ယာဥ်၏ ရှေ့နေကာမှန်အက်​ကာ ဘယ်ဘက်တံခါးမှန်ကွဲပြီး ကားအမိုးကိုင်းပိန်ချိုင့်ခဲ့သဖြင့် အသက် ၅၂ နှစ်အရွယ် ယာဥ်မောင်း ဦးဆန်းဝင်းကို ပြင်စည်ရဲစခန်း​က ပုဒ်မ ၃၃၇/ ၃၃၈/၂၇၉ ဖြင့် အမှုဖွင့်ထားသည်ဟု သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *