October 24, 2024

Photo - Htin Lin Aung

၁၇.၆.၂၀၂၄
Written by TZ

ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်၊ ပတ္တမြားမြို့သစ်ရပ်ကွက်တွင် ယာဥ်နှစ်စီးပေါ်သို့ ဓာတ်ကြိုးပြတ်ကျပြီး မီးလောင်ရာမှ ထိုယာဥ်နှစ်စီးကြားတွင် ရှိနေသည့် အမျိုးသား ၂ ဦးနှင့် အသက် ၃ နှစ်အရွယ်ကလေးငယ် ၁ ဦး မီးလောင်၍ သေဆုံးသွားကြောင်း သိရသည်။

အဆိုပါဖြစ်စဥ်မှာ ယနေ့နံနက်ပိုင်းက ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ဇွန်လ ၁၇ ရက် နံနက် ၈ နာရီဝန်းကျင်တွင် ဖြစ်စဥ်အနီးရှိ ပြည်သူများမှ မီးလောင်နေကြောင်း ပုလဲမြို့သစ်အရန်မီးသတ်တပ်ဖွဲ့ထံ ဖုန်းဆက်အကြောင်းကြားလာသောကြောင့် ဖြစ်စဥ်နေရာသို့ မီးသတ်ယာဥ် ၂ စီးနှင့် လူနာတင်ယာဥ် ၂ စီးဖြင့် သွားရောက်ခဲ့ကြောင်း သိရသည်။

“သဲကားပေါ်ကို ဓာတ်ကြိုးကအရင် ပြတ်ကျတာ။ အဲ့ဒီ သဲကားနားမှာ ထော်လာဂျီလည်းရှိတယ်။ ဓာတ်ကြိုးပြတ်ကျတော့ ယာဥ်တွေလောင်တာ။ အဲ့ဒီယာဥ်နှစ်စီးကြားမှာ လူကြီးနှစ်ယောက်နဲ့ကလေးတစ်ယောက်ရှိတယ်။ သူတို့လည်း မီးလောင်သွားတယ်” ဟု ပုလဲအရန်မီးသတ်တပ်ဖွဲ့မှ တာဝန်ရှိသူဦးက MT News သို့ဖြေကြားသည်။

မီးလောင်မူကြောင့် သေဆုံးသွားသည့် အမျိုးသား ၂ ဦးနှင့် အသက် ၃ နှစ်အရွယ် ကလေးငယ်တို့မှာ ပတ္တမြားမြို့သစ်ရပ်ကွက်တွင် နေထိုင်ကြသူများဖြစ်ကြောင်း သိရသည်။

Photo – Htin Lin Aung

Leave a Reply

Your email address will not be published. Required fields are marked *